ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသတွေရဲ့ အသည်းစွဲဖြစ်တဲ့ မော်ဒယ်လ်မလေးရှင်ယွန်းမြတ် ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုရင် social media လောကတွင် လူကြိုက်များရေပန်းစားနေတာဖြစ်ပြီး photo model လောကတွင် နေရာတစ်နေပိုင်ဆိုင်လာတာပဲဖြစ်ပါတယ်။ ကြည့်မိသူတွေရဲ့အသည်းနှလုံးကိုဖမ်းစားညှို့ယူနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

မော်ဒယ်မလေး ရှင်ယွန်းမြတ်ကတော့ အရင်ထက်ပိုပြီး ပရိသတ်တွေကြားမှာ ပိုမိုအောင်မြင်မှုရရှိလာတာပဲဖြစ်ပါတယ်။ sexy model တစ်ဦးဖြစ်တဲ့ ရှင်ယွန်းမြတ်ကတော့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့အတူ ပုရိသတို့ရင်ခုန်စွဲမက်ချင်စရာ အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ယောက်ျားလေး ပရိသတ်တွေရဲ့ အားပေးမှုအများဆုံး ရရှိထားတဲ့ social media လောကရဲ့ ဘုရင်မလေးပဲဖြစ်ပါတယ်။

သူမကတော့ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရလေအောင် တစ်နေ့တာလှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုတွေကို သူမရဲ့ official facebook acc တွင်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအလိုက် အတိုအပြတ်တွေဝတ်ပြီးဆွဲဆောင်နေပင်မဲ့ အခုတစ်ခါမှာတော့ မြန်မာဆန်ဆန် ကျက်သရေရှိရှိ ရိုးရိုးယဉ်ယဉ်လှပနေတာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ရှေးဟောင်းရတနာ တိုင်းပြည်ကြီးလို့ပြောလို့ရတဲ့ ပုဂံပြည်ကြီးနဲ့ အတူ သူမရဲ့နန်းဆန်တဲ့ ပုံပန်းသဏ္ဍာန်တွေဟာဆိုရင် တစ်ကယ်ကို့ ဂုဏ်ကျက်သရေအဖြာဖြာတိုး၍ အလှတွေဝေဆာနေတာဖြစ်ပါတယ်။ "နှလုံးသားထဲက ပုဂံ" ဆိုတဲ့ သူမရဲ့ ပုဂံပြည်ကြီးကို ရင်ထဲကနေအမြတ်တနိုး တန်ဖိုးထားတဲ့စိတ်ထားအလှတွေကပေါ်လွင်နေတဲ့ status လေးနဲ့အတူ ဖော်ပြပေးထားတဲ့ သူမရဲ့ အလှပုံရိပ်တွေကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

source Shin Yoon Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။