အပျိုကြီးမမ ခင်လေးနွယ်တစ်ယောက် ကော့သောင်းက ဟန်းနီးမွန်းကျွန်းကို သူငယ်ချင်းတွေနဲ့ အလည်အပတ်သွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ သူမတို့သူငယ်ချင်းတွေဖြစ်တဲ့ အကယ်ဒမီသက်မွန်မြင့်နဲ့ ဒီဇိုင်နာ မပုံ့တို့ဟာ အမြဲလိုလို အတူတူခရီးသွားကြပြီး သုံးယောက်လုံးက သိပ်ပြီးခင်မင်ကြတဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးတွေလည်းဖြစ်ပါတယ်။

သူငယ်ချင်းတွေထဲမျာ သူမတစ်ယောက်တည်းအပျိုကြီးအဖြစ်ရပ်တည်နေတာဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ ကိုယ်ပိုင်မိသားစုလေးတွေနဲ့ ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ ခင်လေးတစ်ယောက်ကတော့ အပူအပင်ကင်းတဲ့ အပျိုကြီးဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းနေတာလည်း အားကျချင်စရာပဲနော်။

သူမတို့ရဲ့ခရီးသွားပုံရိပ်လေးတွေကို " ဟန်းနီးမွန်းကျွန်းကို ဗြောင်းဆန်အောင် ကဲခဲ့ကြသော BFF အဖွဲ့တွေ သစ်ပင်တွေ့လို့ကတော့ ကုတ်ဖတ်ပြီးတက်ကြတာ ဒီလို သူငယ်ချင်းမျိုးရှိနေတာ တစ်ကယ့်ကို ဘုရားပေးတဲ့ ဆုပါ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ကြည်နူးစရာသူငယ်ချင်းတွေရဲ့ ခရီးသွားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။