အကယ်ဒမီသက်မွန်မြင့်တစ်ယောက် သူမရဲ့အမိုက်စားပုံရိပ်တွေကို ချပြလိုက်ပြန်ပါပြီ။ အဝါရောင်လက်ရှည်အင်္ကျီလေးကို အဖြူနဲ့အနက်စင်းခေါင်းလောင်းဘောင်းဘီရှည်နဲ့ တွဲဖက်ဝတ်ဆင်ထားပုံက တကယ်ကို စတိုင်ကျလှပသပ်ရပ်လို့နေပါတယ်။ ကလေးနှစ်ယောက်အမေလို့ မထင်ရလောက်အောင် သူမရဲ့ နုပျိုမှုအစွမ်းကတော့ တကယ်ကိုအံ့မခန်းပါပဲ။ စိတ်ပျိုကိုယ်နုလို့ ချစ်သက်တစ်ယောက် အလှကြီးလှနေတာထင်ပါရဲ့။

အနုပညာအလုပ်တွေကို စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သက်မွန်မြင့်ပါပဲ။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စဖွယ်သားနဲ့သမီးရဲ့ တီတီတာတာချွဲနွဲ့မှုအောက်မှာ အပျော်ကြီးပျော်နေတတ်တဲ့ မေမေသက်ပါပဲ။ Sweet Child ဆိုတဲ့ ကလေးအသုံးအဆောင်ဆိုင်လေးကိုလည်းဖွင့်လှစ်ထားပါသေးတယ်။

သူမရဲ့အမိုက်စားပုံရိပ်လေးတွေကို " ပုံသစ်လေးတွေရတော့ ခရီးသွားပုံတွေ မတင်ခင် ကြားဖြတ် စိတ်ရှည်လက်ရှည်နဲ့ တစ်ယောက်ထဲသမား ကို အပြည့်အဝ ကူညီပြီး ပုံကောင်းလေးတွေရအောင် ရိုက်ပေးကြတာ " ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အချိန်တိုင်းမှာ ကြည့်လို့ကောင်းလွန်းနေပြီး ချစ်စရာကောင်းသူလေး သက်မွန်မြင့်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။