အကယ်ဒမီဆုတွေကို ဆွတ်ခူးထားတဲ့ ပြည်သူချစ်မင်းသမီးချောလေး သက်မွန်မြင့်က အနုပညာလောကထဲမှာ ပရိတ်သတ်တွေရဲ့ အချစ်ကိုခံရတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ကြည်လင်တဲ့စိတ်ထားလေးနဲ့ ဖြူစင်တဲ့ အပြုံးလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ကြားမှာ ရေပန်းစားနေတာဖြစ်ပါတယ်။သက်မွန်မြင့်ရဲ့ အနုပညာလှုပ်ရှားမှုတွေက အရင်ကတည်းက တစ်စိုက်မက်မက် ကြိုးစားလာသူလေးဖြစ်လို့ ယခုဆိုရင် ဝါရင့်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။

သက်မွန်က ယခုချိန်ထိလည်း ဇာတ်ကားပေါင်းများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် အသက်သွင်းနိုင်သူတစ်ယောက်ဖြစ်လို့ သူမရိုက်ကူးတဲ့ ဇာတ်ကားများဟာဆိုရင် ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိခဲ့ပါတယ်။သက်မွန်က အနုပညာအလုပ်တွေကိုပဲ ဇောက်ချလုပ်ကိုင်နေရင်း သူမချစ်တဲ့သူနဲ့ ဖူးစာကံအကြောင်းဖက်ကာ နှစ်ကိုယ်တူဘဝလေးကို တည်ထောင်လိုက်ပါတယ်နော်။သူမရဲ့ ခင်ပွန်းဖြစ်သူကလည်း ဇနီးသည်ကို အရမ်းချစ်အရမ်းအလိုလိုက်လို့ အိမ်ထောင်ရေးလေးက သာယာပျော်ရွှင်စရာကောင်းပါတယ်။

အခုဆိုရင် သူတို့ဇနီးမောင်နှံမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကိုမွေးဖွားထားလို့ မိသားစုဘဝလေးက ပိုမို ပြည့်စုံသွားပါတယ်။သားလေးနာမည်ကို အားချစ်လေးလို့ အိမ်နာမည်လေးပေးထားပြီး သမီးငယ်လေးကိုတော့ လဝန်းလေးလို့ ခေါ်ကြပါတယ်။ပရိတ်သတ်ကြီးကလည်း မအေကိုလည်းချစ်ခင်အားပေးသလို ကလေးလေးတွေကိုလည်း ချစ်ကြပါတယ်။အခုဆိုရင် သက်မွန်တို့သားအမိသုံးယောက်က အိမ်ဦးနတ်ကြီးကို လေဆိပ်မှာသွားကြိုးရင်း အာချစ်လေးနဲ့လဝန်းလေးတို့ကလည်း မုန့်တွေအရမ်းစားသောက်ပြီး ကစားနေကြတဲ့ ဗီဒီယိုလေးကို ပရိတ်သတ်တွေအတွက် မျှဝေခဲ့ပါတယ်နော်။

Source:Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။