ဒဂုံကျောင်းသူလေးဖြစ်တဲ့ ဖြူဖြူထွေးကတော့ သူများနဲ့ မတူတဲ့ တစ်မူထူးခြားတဲ့ ကကွက်တွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး မြန်မာဆန်ဆန် သနပ်ခါးလေးနဲ့ အမြဲလှနေတတ်တဲ့ ဖြူဖြူထွေးက ပရိသတ်တွေရယ်မောပျော်ရွှင်စေနိုင်ဖို့ အတွက် ဟာသဇာတ်လမ်းတိုလေးတွေကိုလည်း ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။

ပရိသတ်တွေ အသိများတဲ့ ဖြူဖြူထွေးရဲ့ နောက်ထပ်တစ်ခုကတော့ Tiktok ဗီဒီယိုလေးတွေဆော့တာပါ။ နေ့တိုင်းလိုလို Tiktok လေးတွေဆော့ပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဖန်တီးပေးနိုင်တာကြောင့် ယခုနောက်ပိုင်းမှာတော့ ဖြူဖြူထွေးရဲ့ ပရိသတ်တွေ အရမ်းကို များလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးက ရုပ်ရှင် ဇာတ်လမ်းတိုတွေအပြင် ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးပေးလျက်ရှိပြီး အနုပညာနယ်ပယ်ထဲကို စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။

ယခုတစ်ခေါက်မှာလည်း သူမအလုပ်တွေရှုပ်နေတဲ့ ကြားထဲက သူမပရိသတ်တွေ မပျင်းရအောင် ပိုလီယို စတိုင်နဲ့ အခွီကပြပြီး tiktok ဆော့ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် ချစ်စရာကောင်းအောင် ဟာသတွေကို ကိုယ်တိုင် တီထွင်ပြီး အကမျိုးစုံနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ ယခုလည်း ပိုလီယိုစတိုင်ဆော့ထားတဲ့ အခွီဗီဒီယိုလေးကို Myanmarload ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။