Ariana Grande ဟာ စနေနေ့က Social Media ပေါ်မှာ သူမရဲ့နှလုံးသားခံစားချက်ကို ထုတ်ဖော်ပြသလိုက်တဲ့ စာတမ်းလေးကို ဝေမျှပေးလိုက်ပါတယ်။ သူမရဲ့စာတမ်းလေးကတော့ ' Miss U ' ဆိုတဲ့စာလေးပဲဖြစ်ကာ အဲ့စာလေးက သူမရဲ့ လူ့လောကမှာ မရှိတော့တဲ့ချစ်သူဟောင်းဖြစ်တဲ့ Mac Miller ရဲ့ ၂၇နှစ်ပြည့် မွေးနေ့မှာ တင်ထားခြင်းပဲဖြစ်ပါတယ်။ နောက်ဆုံးတော့ သူမလွမ်းနေခဲ့ပြီပဲလေ....လူ့လောကမှာရှိတာတောင် တစ်ခါတစ်လေ မခံစားနိုင်အောင် လွမ်းနေကြရတာပါ....လူလောကမှာမရှိတော့ ပိုပြီးလွမ်းတာပေါ့။

Mac Miller ရဲ့နာမည်အရင်းဟာ Malcolm James McCormick ဖြစ်ပြီး သူဟာ rap အဆိုတော်တစ်ယောက်ဖြစ်ကာ စက်တင်ဘာလ ၇ရက် ၂၀၁၈ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ August 2016 ကနေ May 2018 ထိလက်တွဲခဲ့ကြပါတယ်။ Ariana ဟာ Mac ကိုသတိရလွန်စွာဖြင့် Instagram ပေါ်ကိုရိုးရှင်းလှတဲ့ စာတမ်းလေး ' Miss U ' ဆိုပြီး သန်းခေါင်းယံည အနည်းငယ်ကျော်တဲ့အချိန် ၁၂နာရီ ၁၃မိနစ်ပါတင်ခဲ့ကာ အဲ့နေ့က Mac ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ တော်တော်ကို သတိရနေခဲ့တာပဲဆိုတာ သိသာပါတယ်....ညသန်ခေါင်းကျော်တဲ့ထိ စောင့်ပြီးတင်ခဲ့တာပဲ။

Miller နဲ့လမ်းခွဲခဲ့ပြီးနောက်မှာ Ariana ဟာ Pete Davidson နဲ့တွဲခဲ့ပြီး သိပ်မကြာခင်မှာပဲ စေ့စပ်ခဲ့ကြပါတယ်။ Mac နဲ့တော့ သူငယ်ချင်းအဖြစ် ဆက်ဆံရေးတွေရှိခဲ့ပါတယ်။ Mac မိသားစုက သူဟာသူတို့နဲ့အတူ သူရဲ့၂၇နှစ်မြောက်မွေးနေ့မှာ အတူတူရှိကာ ပျော်ပွဲဆင်နွဲ နွဲကာပျော်ရွှင်နေမယ်လို့ မျှော်လင့်ကာ သူရဲ့ဝိညာဉ် ဟာလဲအတူတူရှိနေမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ သူဟာသေဆုံးပြီးနောက်မှာ Grammy ဆုပေးပွဲကနေ Best Rap Album ဆုကိုရရှိခဲ့ကာ အဲ့ဆုကို သူရဲ့မိဘတွေဖြစ်တဲ့ Mark McCormick နဲ့ Karen Meyers တို့လက်ခံရရှိခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။