Sexy Model တစ်ဦးဖြစ်တဲ့ လုလုအောင်ကတော့ ရင်ခုန်ချင်စရာကောင်းတဲ့ ကောက်ကြောင်းအလှတွေနဲ့ ပုရိသတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ ယောက်ျားလေးပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ လုလုအောင်က Single Mother တစ်ဦးအဖြစ် ဘဝကို ရဲရင့်စွာ ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ လုလုက သူမရဲ့ အမိုက်စားပုံရိပ်တွေကြောင့် Social Media ထက်မှာ တဖြည်းဖြည်း အောင်မြင်လာခဲ့တာလည်း ဖြစ်ပါတယ်။

အများက ခေးကြီးလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ လုလုကတော့ ကလေးတစ်ယောက် မိခင်လို့ မထင်ရအောင် ကိုယ်ခန္ဓာအချိုးအစားတွေက ပြေပြစ်ကျစ်လှစ်လှပါတယ်။ အလန်းစားဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်တဲ့ လုလုက ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ဗွီးရှင်း မျက်မှန်ဆိုင်ခွဲသစ်ဖွင့်ပွဲကို ခပ်မိုက်မိုက် ဖက်ရှင်နဲ့ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲလေးကိုတော့ နေတိုး၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်နဲ့ ရွှေအိမ်စည်တို့လည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖက်ရှင်ဒီဇိုင်းတစ်မျိုးစီနဲ့ ပွဲတက်လာတဲ့ အနုပညာရှင်တွေထဲမှာတော့ လုလုအောင်က ပေါင်တံအလှတွေ ထင်ရှားပေါ်လွင်စေတဲ့ အမိုက်စားဖက်ရှင်နဲ့ ပွဲတက်လာခဲ့တာ ဖြစ်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ အလှဆုံးဖြစ်နေတဲ့ လုလုအောင်ရဲ့ဖက်ရှင်ကတော့ ပရိသတ်တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခေးကြီး လုလုအောင်ရဲ့ ဆွဲဆောင်မှုပြည့်တဲ့ အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Lulu aung; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။