ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး international တန်းဝင်တဲ့ မြန်မာ့ဂုဏ်ဆောင် Miss Grand Myanmarတစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကိုသိကြမယ်ထင်ပါတယ်နော်။ ရယ်လိုက်ရင် ပါးချိုင့်လေးပေါ်သွားပြီး ပုရိသတွေရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားနိုင်တဲ့သူမဟာဆိုရင် အနုပညာလောကမှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ သူမရဲ့ သဘာဝကျပီပြင်လှတဲ့ သရုပ်ဆောင်အမူအရာတွေကို ပရိသတ်ကြီးအနေနဲ့ စောင့်မျှော်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ 

သူမရဲ့ချိုသာတဲ့အပြုံးနဲ့စူးရှတဲ့အကြည့်တွေကြောင့် ယောကျာ်းလေးပရိသတ်အခိုင်အမာ ရရှိထားတာဖြစ်ပြီး သဘောကောင်းပွင့်လင်းတဲ့သူမရဲ့ ပြောဆိုဆက်ဆံမှုတွေကြောင့် မိန်းကလေးပရိသတ်များကလည်း ချစ်ခင်အားပေးလျက်ရှိတာပဲဖြစ်ပါတယ်။ "ကြိုးဖုန်း" ဆိုတဲ့ horror ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သူမဟာဆိုရင် "ဂျင်ပါတီ" ဆိုတဲ့ ရုပ်ရှင်ဇတ်တားကြီးထဲမှာလည်း ဘယ်လိုမျိုးသရုပ်ဆောင်မှုတွေနဲ့ ပေါ်ထွက်လာမလည်းဆိုတာ ပရိသတ်ကြီးတို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်မျှော်ကြရမှာပဲဖြစ်ပါတယ်။

ယောကျ်ားလေးသူငယ်ချင်းမာျးတဲ့ ရွှေအိမ်စည်က ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်တက်ပင်မဲ့ ဘုရားသွားကျောင်းတက်အခါမှာတော့မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတာကိုပရိသတ်ကြီးအနေနဲ့တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အမြဲ လွတ်လွတ်လပ်လပ်ပျော်ပျာ်ပါးပါးနေထိုင်တက်တဲ့သူမကတော့ မြန်မာ့ရိုးရာဓလေ့ထုံးစံနဲ့ကိုက်ညီတဲ့ တည်ငြိမ်အေးချမ်းတဲ့ အမူအရာအသွင်အပြင်နဲ့ ပြုမူနေထိုင်တက်တဲ့သူမကိုတော့ ပရိသတ်ကြီးအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ဖွယ်အားပေးကြရမှာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း မြန်မာ့ဂုဏ်ကျက်သရေဆောင်ရွှေတိဂုံဘုရားကြီး၏ရင်ပြင်ထက်တွင် သူမရဲ့ ကျက်သရေအဖြာဖြာတိုးနေသောပုံရိပ်လေးတွေနဲ့တကွ "Super Sunday" ဆိုတဲ့စာသာလေးနဲ့အတူ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင် မျှဝေဖော်ပြပေးထားတာကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်နော်။

Source Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။