ပရိတ်သတ်ကြီးရေ ပြည်သူ့ချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နန်းစုရတီစိုးကတော့ အနုပညာလောကကို ငယ်စဉ်ကတည်းက လျှောက်လှမ်းခဲ့တာပဲဖြစ်ပါတယ်။အရမ်းလှပြီး ဖြူဖွေးနုဖတ်နေတဲ့အသားအရေလေးနဲ့ ချစ်စဖွယ်ဟန်ပန်အမူအရာလေးတွေကြောင့် အသက်အရွယ်တစ်ခုကိုရောက်လာတဲ့ အပျိုကြီးမမတစ်ယောက်ဖြစ်ပေမယ့် ဘယ်ချိန်ကြည့်ကြည့်ကလေးလေးတစ်ယောက်လို ပျိုမျစ်နုနယ်ခြင်းတွေပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

နန်းစုက သရုပ်ဆောင်တဲ့နေရာမှာလည်း ပါရမီပါသူတစ်ယောက်ဖြစ်လို့ သူမရဲ့အိုင်တင်တွေက ကျရာဇာတ်ရုပ်ကိုလိုက်ပြီး သရုပ်ဆောင်နိုင်ပါတယ်နော်။နန်းစုက သရုပ်ဆောင်ပိုင်းမှာလည်းတော်သလို သီချင်းဆိုတဲ့နေရာမှာလည်း အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေကို သီဆိုနိုင်တဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။အခုဆိုရင် နန်းစုက သူ့ထက်၄နှစ်ငယ်တဲ့ အဆိုတော်ဂျီဖတ်နဲ့ မေတ္တာမျှနေကြပြီး နှစ်ယောက်အတူတူတွဲပြီး သီချင်းအသစ်အသစ်တွေကို ဖန်တီးနေပါတယ်နော်။

နန်းစုတို့ ချစ်သူနှစ်ဦးက ဘယ်သွားသွား အတူတူ သွားကြပြီး သူငယ်ချင်းတွေနဲ့ အတူတူ ခရီးတွေလည်း ထွက်ကြပါတယ်။နန်းစုက ဂျီဖတ်ထက် အသက်ကြီးပေမယ့် ကလေးလေးတစ်ယောက်လို နုဖတ်နေလို့ ဂျီဖတ်ထက်ငယ်တယ်လို့တောင်ထင်ရပါတယ်နော်။နန်းစုတို့ နှစ်ယောက်က စုံတွဲသီချင်းတွေလည်း ဆိုပြီး ခရီးတွေအတူတူထွက်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်သူဘဝလေးကို ဖြတ်သန်းနေပါတယ်။အခုဆိုရင် သူတို့နှစ်ဦးက ကျွန်းတစ်ခုကို သူငယ်ချင်းတွေနဲ့အတူတူ သွားလည်ကြပြီး ကျွန်းပေါ်မှာရှိတဲ့ ကလေးလေးတွေအတွက် မုန့်တွေလည်း ဝေပေးခဲ့ပါသေးတယ်နော်။

Source:Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။