မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်လ် ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စမိုင်းလ်ဟာ လက်ရှိမှာ စီးပွားရေးပညာရှင်အမျိုးသမီးတစ်ယောက်၊ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အဖြစ် အောင်မြင်သော ဘဝနေထိုင်မှုလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ လက်ရှိ စမိုင်းလ်မှာ ချစ်စရာသမီးလေး (၂)ယောက်ပိုင်ဆိုင်ထားပြီး အကြီးလေးဖြစ်တဲ့ သမီးလေး Portia ကတော့ လက်ရှိမှာ (၁၃) နှစ်အရွယ်သာရှိပါသေးတယ်။

ပြည်ပမှာ ကျောင်းတက်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံမှာ သူမရဲ့ မိဘတွေနဲ့ နေထိုင်ကာ (၁၃) နှစ်အရွယ်သာရှိသေးတဲ့ Portia ကတော့ မေမေဖြစ်သူ စမိုင်းလ်ရဲ့ အနုပညာပိုးလေးတွေ အပြည့်ရရှိထားပြီး Modeling ဘက်အသားပေးပြီး အနုပညာအလုပ်တွေ လုပ်ဖို့ရည်ရွယ်ထားပါတယ်။လက်ရှိမှာ Portiaလေးဟာ အသက်(၁၃)နှစ်ကျော်သာ ရှိသေးပေမဲ့လည်း မေမေဖြစ်သူရဲ့ အရပ်အမောင်းကို တောင် ကျော်လွန်လို့ တကယ့်ကို ဆယ်ကျော်သက်အပျိုဖော်ဝင် မိန်းကလေးတစ်ယောက်အနေနဲ့ International ဆန်တဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတာပါ။

စမိုင်းလ် ဖြစ်သူနဲ့ ဘိုဆန်ဆန် မျက်နာကျလေးကို ချွတ်စွတ်ပိုင်ဆိုင်ထားပြီး နောင်တစ်ချိန်မှာ International Model တစ်ယောက်ဖြစ်လာဖို့ ကြိုးစားသွားမှာဖြစ်သလို Kendell Jenner ကတော့ သူမရဲ့ Idol Model (စံပြ)ဖြစ်ပါတယ်။ အလှသတင်းကြီးလှတဲ့ Victoria Secret Angel တွေကို အားကျမိသလို Professional မော်ဒယ်လ်တစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံးကြိုးစားသွားမဲ့ စမိုင်းလ်ရဲ့ ချစ်စရာ (၁၃) နှစ် သမီးလေး Portiaကို အားပေးကြပါဦးနော်...။

source: စမိုင်းလ် Smile 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။