Melody World အဆိုပြိုင်ပွဲကနေ ဂီတလောကကိုလျှောက်လှမ်းလာတဲ့ အဆိုတော်နီနီခင်ဇော်ဟာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ပရိတ်သတ်တွေအခိုင်အမာ ရရှိပိုင်ဆိုင်ထားနေပြီပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့အချစ်တော်အဆိုတော်မလေး နီနီခင်ဇော်ဟာ အဆိုဘက်တွင်သာမဟုတ်ပဲ ပြည်သူတွေအားထားရမဲ့ ဆရာဝန်မလေးလည်း ဖြစ်ပါတယ်။

သူမရဲ့ သီချင်းတိုင်းဟာလည်း မိန်းကလေးပရိတ်သတ်များရဲ့ခံစားချက်တွေနဲ့ ထပ်တူကျနေတာလည်း ဖြစ်ပါတယ်။ အဆိုပိုင်းတွင်သာမက စီးပွားရေးလုပ်ငန်းမှာလည်း အောင်မြင်မှုကြိုးစားထားနိုင်တဲ့ သူမဟာ “ Super Red " နာမည်နဲ့ အလှကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ဂီတသက်တမ်းဟာလည်း ဆယ်စုနှစ်တစ်ခုကိုရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ 

နီနီခင်ဇော်ကတော့ လတ်တလောရေပန်းစားနေတဲ့ “ 10 years Challenge ” ကို ပြုလုပ်ထားတာလည်း တွေ့ရပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကပုံနဲ့ ယခုလက်ရှိပုံတို့ကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားတာပါ။ ငယ်စဉ်ကပုံရိပ်လေးနဲ့လက်ရှိပုံလေးမှာပြောင်းလဲသွားလား၊မသွားလား ဆိုတာသိရှိနိုင်ရန် ပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo - Ni Ni Khin Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။