ကမ္ဘာအကောင်းဆုံးသွင်းဂိုးတွေနဲ့တူတူသူ့ရဲ့ဘောလုံးစကေးတိုင်းဟာပရိသတ်တွေယနေ့ထိတိုင်အောင် နှစ်သက်အားပေးခံရတဲ့

ကစားသမားကတော့ဘရာဇီးနိုင်ငံသားရော်နယ်ဒင်ညိုပဲဖြစ်ပါတယ်။ယနေ့ထိတိုင်ဘောလုံးအားကစားကိုရူးသွပ်တဲ့ပရိသတ်တွေကြားမှာ ဒင်ညိုရဲ့ကစားပုံတွေကပရိသတ်တွေအားကျအတုယူနေရတာဖြစ်ပါတယ်။

နာမည်ကြီးဘာစီလိုနာ၊အေစီမီလန်လိုအသင်းတွေမှာခြေစွမ်းကဂိုးတွေသွင်းယူပြီးအောင်မြင်မှုတွေယူပေးနိုင်တဲ့ကစားသမားကောင်း တစ်ယောက်ဖြစ်ခဲ့တာပါ။နိုင်ငံအသင်းဖြစ်တဲ့ဘရာဇီးအသင်းမှာလည်းခြေစွမ်းပြဂိုးတွေနဲ့တူတူကမ္ဘာဖလားကိုဆွတ်ခူးပေးနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ကမ္ဘာအကောင်းဆုံးကစားသမားဆုတွေနဲ့တူတူကစားသမားတွေယနေ့ထိတိုင်အားကျရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

အောင်မြင်မှုတွေအေကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ထားတဲ့ဒင်ညိုကတော့အပျော်အပါးအရမ်းမက်တာကြောင့် အောင်မြင်ခဲ့ချိန်က ငွေကြေးတွေကိုသုံးဖြုန်းခဲ့တာကြောင့်ယခုအချိန်မှာအကြွေးတွေနဲ့ဝိုင်းနေခဲ့ပါတယ်။သူဟာကလပ်အသင်းတွေမှာလေ့ကျင့်ခန်းအစီစဉ် တွေကိုမလုပ်တော့ပဲပွဲကစားချိန်မှသာလာတာကြောင့်ကြံ့ခိုင်မှုကျဆင်းပြီး နောက်ဆုံးမှာအသင်းတွေပြောင်းရင်းနဲ့ ကစားသမားဘဝက အနားယူခဲ့ရပါတယ်။ပရိသတ်တွေလည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ခုချိန်မှာမြင်နိုင်ဖို့မလွယ်တော့တဲ့သူ့ရဲ့စကေးတွေကိုလည်းပရိသတ်တွေအတွက်အလွမ်းပြေတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:ProFutbolista

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။