Kristen Stewart နဲ့သူရဲ့ချစ်သူ Sara Dinkin တို့ဟာ သူတို့ရဲအချိန်တေ်ာတော်များများမှာ အတူတူရှိနေကာ တခြားအနုပညာရှင်တွေလို တိုးတိုးတိတ်တိတ်တွေ့ဆုံကြချင်းမဟုတ်ပဲ ပေါ်ပေါ်ထင်ထင်တွေ့ဆုံကြတာကို တွေ့ရှိရပါတယ်။ အခုဆိုရင်လဲ စနေနေ့က သူတို့နှစ်ယောက်ရဲ့ အကြိုက်ဆုံးအလုပ်ဖြစ်တဲ့ နေ့ခင်းပိုင်းမှာ လမ်းအတူတူလျှောက်နေတာကိုတွေ့ရှိရပါတယ်။ အဲ့နေ့ခင်းပိုင်းမှာတော့ နှစ်ယောက်လုံးဟာ သူတို့ရဲ့ ဝမ်းဗိုက်အလှကို သာယာတဲ့ Los Angeles ရဲ့တောင်ကုန်းတွေမှာ လမ်းလျှောက်ရင်းပြသခဲ့ပါတယ်။

နေမဝင်ခင်မှာပဲ သူတို့နှစ်ယောက်ဟာ ဘေးချင်းယှဉ်လျင် လမ်းလျှောက်ဆင်းလာကြပါတယ်။ တော်တော်ကို ချစ်နေကြတာပဲနော်.....အချိန်တိုင်းလိုလို အတူတူရှိနေကြတယ်။ Twilight star Kristen ဟာ ချက်ပေါ်တဲ့အဖြူရောင် shirt အင်္ကျီ၊ အားကစားဘောင်ဘီးနဲ့ အဖြူရောင် ဖိနပ်တို့ကို ရာသီဥတုနဲ့လိုက်အောင် ဝတ်ဆင်ထားပါတယ်။ အဲ့အပြင်သူမဟာ အနက်ရောင် နေကာမျက်မှန်နဲ့ Baseball ဦးထုပ်ကိုလဲ ဝတ်ဆင်ထားပါတယ်။ စတိုလ်ကတော့ ဘာမှ အပြစ်ပြောစရာမရှိအောင် ကြည့်လိုကောင်းနေပါပြီ။

သူမရဲ့ချစ်သူကောင်မလေး Sara ကတော့ အဖြူရောင် အားကစား Bra၊ အမဲရောင်အားကစားဘောင်ဘီးနဲ့ အမဲရောင်ဖိနပ်တို့ကို ဝတ်ဆင်ထားပါတယ်။ သူမဟာလဲ သူမချစ်သူKristen လိုမျိုး အနက်ရောင် နေကာမျက်မှတ်ကို တပ်ထားပါတယ်။ နှစ်ယောက်လုံးကတော့ ဗိုက်အလှကို ပြသနေကြပါတယ်....နှစ်ယောက်လုံးကလဲ လှပါတယ်။ ပရိသတ်တွေက သူမရဲ့ချစ်ခြင်းနဲ့ပတ်သတ်လို့ ခုလိုမြင်ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ Kristen ဟာလဲ သူမရဲ့ လူမှုရေးနဲ့ပတ်သတ်လို့ Social Media ပေါ်မှာ တင်ထားခြင်းမရှိပါဘူး။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။