မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်အချိုးအစားတွေနဲ့ ချောမောခန့်ညားတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေသူတစ်ဦး ဖြစ်ပါတယ်။ အမိုက်စား တက်တူးတွေနဲ့ ကိုရီးယားမင်းသားတစ်ယောက်လို ရုပ်ရည်မျိုးနဲ့ တိုင်ရွန်က မာနကင်းစင်ပြီး ပရိသတ်တွေအပေါ်မှာ ခင်မင်ဖော်ရွေစွာ ဆက်ဆံတတ်သူလည်း ဖြစ်ပါတယ်။

သူကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ကမ်းခြေမှာ သူငယ်ချင်းတွေနဲ့ အတူ ရောက်ရှိနေတာဖြစ်ပါတယ်။ငပလီ ကမ်းခြေကို ပထမဆုံးရောက်ဖူးပြီးတာဖြစ်ပြီး သဲထဲမှာ တစ်ကိုယ်လုံးနစ်ပြီး ဆော့နေတဲ့ ဗီဒီယိုလေးကို ဖော်ပြထားကာ ဒီလိုဆော့ချင်တာ သူရဲ့ ငယ်စဉ်ကတည်းက အိမ်မက်တစ်ခုဖြစ်ပြီး အရမ်းကိုပျော်ရွှင်နေပါတယ်လို့လည်းပြောကြားထားတာတွေ့ရပါတယ်။

တိုင်ရွန်ရဲ့ ရုပ်ရှင်ဇာတ်ကားများဟာလည်း နောက်ပိုင်းမှာ လူကြိုက်များအားပေးလာတာဖြစ်ပါတယ် သူရဲ့ Tik tok ဗီဒီယိုလေးတွေဟာဆိုရင်လည်း မိန်ကလေး ပရိသတ်တွေကြားမှာ ရေပန်းစား အကြိုက်များတာလည်းတွေ့ရပါတယ်။သူကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။ကဲ....ချစ်ပရိသတ်ကြီးရေ တိုင်ရွန်တစ်ယောက် သဲထဲမှာ ဘယ်လိုတွေတောင်ဆော့နေလည်းဆိုတာကို ဗီဒီယိုလေးကိုသာ ဖွင့်ကြည့်လိုက်ပါတော့နော်ပရိသတ်ကြီး...။

Source: 7th Sense Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။