မြန်မာ့ဟာသလောကမှာ နာမည်ကြီးဟာသလူရွှင်တော်တွေဖြစ်ကြတဲ့ ချက်ကြီးနဲ့ ဖိုးသဲကိုတော့ အားလုံးလည်းချစ်မယ်ထင်ပါတယ်။ ရိုးသားကြိုးစာသူတွေဖြစ်သလို မိဘ၊ ဆရာအပေါ်လည်းနားလည်းသိတက်သူတွေဖြစ်တာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ မြန်မာပြည်စတားရဲ့ အဓိကအဖွဲ့ဝင်တွေဖြစ်ပြီး နှစ်ယောက်အတူ ဇာတ်ကားများစွာမှာ ပါဝင်ရိုက်ကူးနေပြီး ပရိသတ်အကြိုက် ဟာသဇာတ်ရုပ်များစွာကို ဖန်တီးလျှက်ရှိသူတွေလည်းဖြစ်တာတွေ့ရပါတယ်။   

ချက်ကြီးနဲ့ ဖိုးသဲတို့ကတော့ အနုပညာအလုပ်တွေကို နှစ်ယောက်အတူအမြဲလုပ်ဆောင်တက်ပြီး ပရိသတ်တွေကြားမှာလည်း ပရဟိတအလုပ်တွေကို အတွဲညီညီလုပ်ဆောင်လေ့ရှိတာတွေ့ရပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကို မမေ့တက်သူတွေဖြစ်ပြီး အနုပညာလောကထဲကို ခေါ်ဆောင်ပေးခဲ့တဲ့ ဆရာတွေကိုလည်း ကျေးဇူးသိတက်သူတွေဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ ချက်ကြီး ဖိုးသဲတို့ကတော့ ကျေးဇူးရှင်တွေဖြစ်တဲ့ လူရွှင်တော်ကြီး ဥိးမေတ္တာနဲ့ ဒိန်းဒေါင်တို့ကို ကိုယ်တိုင်သွားရောက်ကန့်တော့ခဲ့ကြကြောင်း သိရပါတယ်။  

အဆိုပါ သွားရောက်ကန့်တော့မှုနဲ့ပတ်သက်ပြီး ချက်ကြီးကတော့

"ခင်ပွန်းကြီးဆယ်ပါး အပါအဝင်

လူရွှင်တော် ဦးမေတ္တာနဲ့ ကိုဒိန်းဒေါင်းအား

မင်းဘုန်းမြတ်အောင် ကုမ္ပဏီ၏ ကျေးဇူးဖြင့်

ကျွန်တော် တို့ လူရွှင်တော် ချက်ကြီး.ဖိုးသဲမှ့

သွားရောက် ကန်တော့ခဲ့ပါတယ်

ပြောမှား ဆိုမှား ပြုမူမှားရှိပါက

ခွင့်လွတ်ပါခင်ဗျာ။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ကျေးဇူးရှင်တွေကို အမြဲသိတက်ပြီး တက်စွမ်းနိုင်တဲ့ ဘက်ကအမြဲထောက်ပံ့ပေးလေ့ရှိတဲ့ ချက်ကြီးဖိုးသဲတို့ရဲ့ ဒီကနေ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Ko Chat Gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။