ပရိတ်သတ်ကြီးရေ... လတ်တလော လူမှုကွန်ယက်ပေါ်မှာ အရမ်းကိုရေပန်းစားနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုရှိနေပါတယ်နော်။ဒါကတော့ အဆိုတော်G fattရဲ့ စစ်ဆိုတဲ့ အမိုက်စား သီချင်းကို ကျောင်းစုံညီပွဲတော်မှာ စင်ပေါ်တက်ပြီး ဆိုပြသွားခဲ့တဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့Videoဖိုင်လေးပါပဲနော်။

လူငယ်ကြိုက်တေးသီချင်းလေးတွေကို အထာကျကျခပ်မိုက်မိုက် သီဆိုတတ်ပြီး ပရိတ်သတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားခဲ့တဲ့ Rapperအဆိုတော် G Fattကို မသိတဲ့သူမရှိလောက်ပါဘူးနော်။ အချစ်သီချင်းလေးတွေတင်မကဘဲ ဘဝသီချင်းတွေ သဘာဝဆန်ဆန်သီချင်းလေးတွေကို စာသားလန်းလန်းနဲ့သီဆိုတတ်တဲ့ G fattဟာ ချယ်ရီ FMရဲ့ (၈)နှစ်ပြည့် အထိမ်းအမှတ်ပွဲလေးမှာ စစ်သားတစ်ယောက်ရဲ့ဘဝကိုအခြေခံပြီး ရေးစပ်ထားတဲ့ "စစ်"ဆိုတဲ့ သီချင်းလေးကို သီဆိုခဲ့ပါတယ်။

ဒီသီချင်းလေးဟာလည်း လူငယ်တွေကြားထဲမှာတင်မကဘဲ လူကြီးတွေကြားမှာပါ လူကြိုက်များခဲ့ပါတယ်။ ဒီသီချင်းလေးကို မြတ်ဘုန်းမာန် ဆိုတဲ့ အ.မ.က ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းသားစုံညီပွဲတော်လေးမှာ ပြန်ပြီးသီဆိုခဲ့ပါတယ်။ ဒီဗီဒီယိုလေးဟာ တင်တင်ပြီးချင်းမှာပဲ ကြည့်ရှုတဲ့သူတွေနဲ့ Shareတဲ့သူတွေအများအပြားရှိခဲ့ပါတယ်။ ဒီသီချင်းရဲ့ပိုင်ရှင် G fattကိုယ်တိုင်ကတောင် ဒီ Videoလေးကိုသူ့ရဲ့ စာမျက်နှာပေါ်မှာ Shareပြီး အားပေးခဲ့ပါသေးတယ်နော်။ကဲ.. ပရိတ်သတ်ကြီးကိုလည်း ဒီကလေးလေးရဲ့ Videoလေးနဲ့အတူ G fattရဲ့ စစ်သီချင်း Videoလေးကိုပါပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : G Fatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။