သရုပ်ဆောင်မိုးယုစံတို့မိသားစုတွေ ချောင်းသာကမ်းခြေမှာ ပျော်ခဲ့တဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးရဲ့ ခရီးသွားပုံရိပ်လေးတွေက မြင်သူတိုင်းကို အပျော်တွေကူးစက်စေပါတယ်။ ချစ်စဖွယ်သားလေး ကောင်းသိင်္ခမိုးသူဟာလည်း အခါလည်ကျော်သွားပြီဖြစ်ပြီး အရမ်းကိုချစ်ဖို့ကောင်းတဲ့ အရွယ်လေးရောက်လို့နေပါပြီ။ မေမေနဲ့အတူတူ ကျောင်းတက်ပြီး အတူတူ ဆော့ကစားကြတဲ့ ပုံရိပ်လေးတွေကလည်း တကယ်ကိုအသည်းယားချင်စရာပါပဲ။

ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်အပြီးမှာတော့ သူမက ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်တာကိုသိပ်မတွေ့ရတော့ဘူးပါ။ လက်ရှိနောက်ဆုံး " နှင်းဆီပုဝါခြုံတဲ့လက် " ဆိုတဲ့ နှင်းဆီအငြိမ့်သဘင်လေးမှာ ပါဝင်ကပြဖျော်ဖြေထားတာကိုလည်းတွေ့ရပါတယ်။ မေမေဖြစ်သွားပြီဆိုတော့ သားလေးနဲ့ ခင်ပွန်းကို အပြည့်အဝအချိန်ပေးပြီး ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေကိုဖန်တီးနေတဲ့ မေမေပီသတဲ့ မေမေတစ်ယောက် ဖြစ်လို့နေပါတယ်။

သူတို့သားမိနှစ်ယောက်ရဲ့ ကမ်းခြေထက်က ကြည်နူးစရာပုံရိပ်လေးတွေကို " ချစ်သားလေးနဲ့ မာမီနဲ့ ပင်လယ်ပျော်လေးဖြစ်နေတာ သူလေးကတော့ပျော်သလားမမေးပါနဲ့ " ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ မေမေနဲ့ သားသားရဲ့ ပင်လယ်ကမ်းခြေထက်က ချစ်စဖွယိပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။