ပရိသတ်ကြီးရေ ကော့သောင်းရှိဟန်းနီးမွန်းကျွန်းကိုချစ်သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးထွက်နေတဲ့ သရုပ်ဆောင်မင်းသမီးခင်လေးနွယ်ကိုသိကြမယ်ထင်ပါတယ်နော်။ တိုင်းရင်းသူတစ်ယောက်ဖြစ်တဲ့သူမဟာဆိုရင် လူတိုင်းအပေါ်ပွင့်လင်းရိုးသားစွာခင်မင်ပေါင်းသင်းဆက်ဆံတက်တာဖြစ်ပြီး ချိုသာတဲ့အသံဝဲဝဲလေးနဲ့ ပရိသတ်ကြီးရဲ့ အသည်းနှလုံးကိုညှို့ယူဆွဲဆောင်ထားတာဖြစ်ပါတယ်။ သူမရဲ့အချစ်ဆုံးသူငယ်ချင်းတွေနဲ့အတူ ဘဝကိုအေးချမ်းစွာလျှောက်လှမ်းနေတာလည်းဖြစ်ပါတယ်။

အပျိုကြီးမမဖြစ်တဲ့ခင်လေးနွယ်ကတော့ အခုထက်ထိနုပျိုလန်းဆန်းနေတာဖြစ်ပြီး တစ်ခေတ်တစ်ခါမြန်မာဗီဒီယိုလောကရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ တိုင်းရင်းသူမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာဆိုရင်လည်းအောင်မြင်မှုက မလျော့ကျသွားပဲ ပရိသတ်အများအပြားရဲ့ ချစ်ခင်အားပေးမှုကို ဆက်လက်ပိုင်ဆိုင်နေဆဲဖြစ်ပါတယ်။ ခရီးသွားဝါသနာပါတဲ့ သူမဟာဆိုရင် ချစ်သူငယ်ချင်းတွေနဲ့ပဲ လွတ်လပ်ပျော်ပါးစွာ ခရီးအမြဲထွက်လေ့ရှိတာကို ပရိသတ်ကြီးအနေနဲ့ ကြည်နူးဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။

ပရိသတ်ကြီးနဲ့ အဆက်အသွယ်အပြတ်ရလေအောင်သူမရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင်အမြဲတင်ဆက်ဖော်ပြပေးလေ့ရှိတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်းချစ်သူငယ်ချင်းတွေနဲ့အတူ ဟန်းနီးမွန်းကျွန်းကနေ ခရင်းခွကျွန်းကို ဆက်လက်သွားရောက်အပန်းဖြေခဲ့ကြတာဖြစ်ပြီး သူမရဲ့ မြင်သူတိုင်း နှစ်ခါပြန်ငေးလောက်ရအောင် ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ သူမရဲ့ အပြုအမူပုံရိပ်လေးတွေကို "ဟန်းနီးမွန်းကျွန်းကနေ ခရင်းခွကျွန်းကို ဆက်သွားကြပါတယ် ရေမကူးခင်လေး ဒန်းစီးကြပါတယ်ရှင့် ဘုတ်ပေါ်မှာလည်းအားရပါးရအိပ်ပါတယ်ရှင့် ပုံလေးတွေအများကြီးရိုက်ထားတော့ အားနာပေမယ့်တင်အုံးမယ်နော်လို့" ဆိုတဲ့ ချစ်စဖွယ်ပြောဆိုဟန်လေးတွေနဲ့အတူ official facebook acc တွင်ဖော်ပြပေးထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source Khin Lay Nwe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။