ရွှေရွှေတို့စုံတွဲလို့ အများကချစ်စနိုးခေါ်ဝေါ်ကြတဲ့ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးလေး ရွှေမှုန်ရတီတို့ ဇနီးမောင်နှံကတော့ အနုပညာရှင်စုံတွဲတွေထဲမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှု အများဆုံး ရရှိထားတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက တစ်ယောက်အပေါ်တစ်ယောက် အလေးအနက်ထားပြီး ချစ်တတ်ကြတဲ့ သူတို့စုံတွဲလေးက အခုဇနီးမောင်နှံဘဝမှာလည်း အရင်ကထက် ပိုတိုးလို့ ချစ်လာကြတာ တွေ့ရပါတယ်။

မြင်သူတကာ အားကျချင်လောက်အောင် ချစ်တတ်ကြတဲ့ ရွှေရွှေတို့စုံတွဲလေးက လက်ရှိမှာတော့ ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးထွက်နေကြတာ တွေ့ရပါတယ်။ လက်ထပ်ပြီးနောက်ပိုင်းကတည်းက ကိုယ်စီအလုပ်တွေများနေကြတဲ့ သူတို့စုံတွဲလေးက အခုလိုပိတ်ရက်လေးမှာတော့ တစ်ဝကြီးအနားယူခဲ့ပါတယ်။ အခုလည်း ရွှေမှုန်က သူမတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာ အမှတ်တရပုံရိပ်လေးတွေကို ထုတ်ပြလိုက်ာ တွေ့ရပါတယ်။

ရွှေမှုန်က သူမတို့ဇနီးမောင်နှံရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲက ပုံရိပ်လေးတွေကို သတိတရနဲ့ ပြန်တင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရမ်းကို Romantic ဆန်နေတဲ့ မမေ့နိုင်စရာ အခိုက်အတန့်လေးက အမှတ်တရတွေကိုလည်း ဗီဒီယိုဖိုင်လေးနဲ့တကွ ထုတ်ပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေရွှေတို့ဇနီးမောင်နှံရဲ့ အားကျချင်စရာကောင်းလောက်အောင် ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Shwe Hmone Yati;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။