မြန်မာရုပ်ရှင်လောကထဲကို သူများနဲ့ မတူတဲ့ နိုင်ငံတကာအဆင်မှီတဲ့ရုပ်ရှင်ဇာတ်ကားတွေကို ချပြပြီး မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တဲ့ ခီမောင်နှံလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ ခရစ္စတီးနားခီနဲ့ ဇာဏ်ခီကတော့ ရုပ်ရှင်လောကမှာ ဝင်ရောက်လာတာ မကြာသေးတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ခရစ္စတီးနားခီရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဇာဏ်ခီကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ " ဥပါယ်တံမျဉ် " ရုပ်ရှင်ဇာတ်ကားကြီး ပရိသတ်တွေကြားမှာ အရမ်းကို အောင်မြင်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ ခီမောင်နှံက ပရိသတ်တွေအတွက် နောက်ထပ် ပိုကောင်းမွန်ပြီး နိုင်ငံတကာ စံချိန်မှီတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးလျက်ရှိပါတယ်။ လတ်တလောမှာတော့ ခီမောင်နှံရဲ့ နောက်ထပ်ရုပ်ရှင်ဇာတ်ကားသစ်ကြီးဖြစ်တဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားသစ်ကြီးကို မင်းသမီးပိုင်ဖြိုးသုနဲ့ အတူ ရိုက်ကူးလျက်ရှိပါတယ်။

အနုပညာမှာလည်း အရည်အချင်းရှိပြီး တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ အရမ်းကို ချစ်ကြတဲ့ ပရိသတ်တွေ အားကျရတဲ့ ခီမောင်နှံတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဂျူးဂျူးကေရဲ့ မင်္ဂလာပွဲလေးကို နှစ်ယောက်လက်ချင်းတွဲကာ သွားရောက်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေကြားမှာ စမတ်ကျတဲ့ မင်းသားတစ်ဦးအဖြစ် နာမည်ကြီးနေတဲ့ ဇာဏ်ခီက ချစ်စဇနီးလေးဖြစ်တဲ့ ခရစ္စတီးနားခီကို တစ်ချိန်လုံး ငေးကြည့်နေတဲ့ အသက်ဝင်လှတဲ့ အကြည့်လေးတွေက ပရိသတ်တွေကို အားကျစေပြီး ကြည်နူးစရာခံစားမှုလေးကို ဖြစ်စေခဲ့ပါတယ်။

Source:Christina Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။