အကယ်ဒမီပေးပွဲကြီးကတော့ အောင်မြင်စွာပဲပြီးဆုံးသွားခဲ့ပါပြီ ။
ရစေချင်တဲ့ သရုပ်ဆောင်တွေရသွားသလို တစ်ချို့ကျန်နေသေးတဲ့သူတွေလဲ ရှိပါသေးတယ် ။
ဘယ်လိုပဲဖြစ်ပါစေ ချစ်လှစွာသောအမုန်းဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့တဲ့ သက်မွန်မြင့်နဲ့
အုတ်ကြားမြက်ပေါက်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုရခဲ့တဲ့ ထွန်းထွန်းတို့အတွက်
ဝမ်းသာစရာပါ ။ ထိုညမှာပဲ တော်ဝင်ဂါးဒင်းဟိုတယ်ကလဲ သက်မွန်နဲ့ထွန်းထွန်းတို့အတွက် ဝမ်းမြောက်စွာ ဂုဏ်ပြုဧည့်ခံပွဲပြုလုပ်ပေးခဲ့ပါတယ် ။
အနုပညာမောင်နှမများနဲ့ပျော်ရွှင်စွာဆင်နွှဲနေတဲ့ ထွန်းထွန်းနဲ့ သက်မွန်မြင့်တို့ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ။

Source : popular journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။