ပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးလေးတွေဖြစ်တဲ့ သက်မွန်မြင့်နဲ့ ခင်လေးနွယ်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ ပြီးခဲ့တဲ့ ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာ ခရီးလေးတစ်ခုကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ချစ်သက်၊ ခင်လေးနွယ်၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ ဒီဇိုင်နာမပုံ့နဲ့ အခြားသူငယ်ချင်းတွေပါဝင်တဲ့ သူမတို့ BFF အဖွဲ့လေးကတော့ ကော့သောင်းမှာရှိတဲ့ ဟန်းနီးမွန်းကျွန်းလေးကို အပန်းဖြေခရီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖုန်းလိုင်းမမိတဲ့ ဒီကျွန်းလေးမှာတော့ ချစ်သက်တို့အဖွဲ့က စိတ်ကြိုက်အနားယူအပန်းဖြေခဲ့ကြပြီး ရန်ကုန်ရောက်မှသာ အမှတ်တရလေးတွေကို ပြန်လည်မျှဝေကြတာ ဖြစ်ပါတယ်။ အခုလည်း ခင်လေးက အလှပဆုံးရှုခင်းလေးတွေကို တစ်ဝကြီးကြည့်ရဖို့ View Point ကြည့်တဲ့တောင်ပေါ်ကို ချစ်သက်နဲ့အတူ စွန့်စွန့်စားစား တက်ရောက်ခဲ့တဲ့ပုံကို ပြန်ပြောပြခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သူမတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ လွတ်လပ်ပျော်ရွှင်မှုအပြည့်နဲ့ အပြစ်ကင်းစင်နေတာ တွေ့ရပါတယ်။ 

ခင်လေးက " ခရင်းခွကျွန်းရဲ့ view point ကြည့်တဲ့တောင်ပေါ်ကို ၁:၃၀ လောက် လမ်းလျှောက်တက်ပြီး ...မြင်လိုက်ရတဲ့ မြင်ကွင်းလေးက အရမ်းမိုက်....တောင်ပေါ်ကိုတက်ဖြစ်အောင် ခေါ်တဲ့ မွန့်ကိုလဲကျေးဇူးပါနော် View point 1,2,3 ရှိတာ ၃ ခုလုံးရောက်ခဲ့တယ်မတက်ဖြစ်ခဲ့ရင်တော်တော် နောင်တရမှာ လိုက်ပို့ပေးတဲ့ Kenton travels မှ တာဝန်ရှိသူများကိုလဲ ကျေးဇူးအထူးပါနော် " ဆိုပြီး သူမတို့နှစ်ယောက်ရဲ့ တောင်တက်ခရီးက ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သက်နဲ့ ခင်လေးတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Khin Lay Nwe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။