အူဝဲလို့ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ မြန်မာနိုင်ငံတွင် ထိပ်တန်းမင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ကျရာဇာတ်ကိုပီပြင်ကျွမ်းကျင်စွာ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း ရုပ်ရှင်ထူးချွန်ဆုများလည်း ဆွတ်ခူးရရှိထားသူ စွယ်စုံရမင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးနှစ်ယောက်မိခင်ဖြစ်သော်လည်း ယခုချိန်ထိ နုပျိုလန်းဆန်းနေတာဟာလည်း ဘုရားပေးတဲ့ ဆုလာဘ်ထဲက တစ်ခုပဲ ဖြစ်ပါတယ်။  

ဖက်ရှင်ဘုရင်မလို့ခေါ်တွင်ရလောက်အောင် သူမရဲ့ဖက်ရှင်များဟာလည်း လူတိုင်းငေးမောရလောက်အောင် အမြဲတမ်းဆန်းသစ်နေတာလည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ သရုပ်ဆောင်ပြေတီဦးနဲ့လည်း သာယာသောအိမ်ထောင်ရေးကို တည်ထောင်နေတာပဲဖြစ်ပြီး သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ နတ်ဖက်တဲ့စုံတွဲလို့သတ်မှတ်ရလောက်အောင် ပရိတ်သတ်တွေအားကျရသော ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်အပြင် အောင်မြင်သောစီးပွားရေးကို ဦးဆောင်ပြီးလုပ်နေသော ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ 

လတ်တလော အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးထားပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများလည်း မကြာမီ ရုံတင်ဖို့ရှိနေတာပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းများဆက်တိုက်လုပ်ဆောင်နေသည့်အပြင် သား၊ သမီးတာဝန်တွေကိုလည်း မလစ်ဟင်းရအောင် လုပ်ဆောင်နေတဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အူဝဲရဲ့ကလေးနှစ်ယောက်ဟာလည်း ချစ်စရာကောင်းလွန်းနေတာကြောင့် ပရိတ်သတ်တွေရဲ့အသည်းကျော် ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ပရိတ်သတ်တွေအတွက် အမြဲတမ်းကြိုးစားနေတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့ဂန္တဝင်ဆန်တဲ့ ပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်။

Photo - Eaindra Kyaw Zin  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။