ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကြာစိကတော့ လူရွှင်တော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာပြီး သူမတူတဲ့ဟာသပြတ်လုံးတွေနဲ့ ပရိတ်သတ်ရဲ့ရင်ထဲကို တိုးဝင်လာတဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။ကြာစိပါဝင်တဲ့ ဖိုက်စတား လူရွှင်တော်အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေဟာဆိုရင် ကြည့်ရှုသူပရိတ်သတ်တွေကို တဝေါဝေါနဲ့ ရီရစေပါတယ်နော်။နောက်ပိုင်းမှာတော့ ကြာစိက သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။

ကြာစိက အနုပညာအလုပ်တွေကိုလုပ်ကိုင်နေရင်း သူချစ်တဲ့မိန်းကလေးနဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ပါတယ်။ကြာစိက ဇနီးချောချောလေးကို ရထားလို့ ပျော်မဆုံးမော်မဆုံးပါပဲနော်။သူတို့ဇနီးမောင်နှံနှစ်ယောက်က နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားလို့ သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးလေးပဲဖြစ်ပါတယ်။ကြာစိကလည်း ဇနီးချောလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်သလို ဇနီးဖြစ်သူကလည်း ခင်ပွန်းအပေါ်ကို ဝတ္တရားတွေကျေပြွန်ပါတယ်နော်။

ကြာစိတို့ ဇနီးမောင်နှံနှစ်ယောက်က အခုဆိုရင် သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီဖြစ်လို့ သူတို့မိသားစုလေးက အရမ်းကို ပြီးပြည့်စုံပြီး သာယာပျော်ရွင်ဖွယ်ကောင်းပါတယ်နော်။ကြာစိရဲ့ သမီးလေးကလည်း ဖြူဖြူဖွေးဖွေးဥဥလေးနဲ့ အရမ်းကို ချစ်စရာကောင်းပါတယ်။သမီးလေးက တစ်နေ့တစ်ခြား အရွယ်ရောက်လာတာနဲ့အမျှ ဖေဖေကြာစိနဲ့ တူလာပါတယ်နော်။ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်အဖြစ်ကြီးပြင်းလာပြီး အခုဆိုရင် ဓာတ်ပုံရိုက်ရင် ပဲတွေပေးတတ်နေတဲ့သမီးလေးရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Kyar Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။