ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာ့အမွှေးအထူဆုံး အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရတဲ့ Angora ယုန်တွေအကြောင်းပဲ ဖြစ်ပါတယ်။ အမှတ်တမဲ့ ကြည့်လိုက်ရင် ဝါဂွမ်းကြီး တစ်ခုလို့တောင် ထင်ရလောက်ရတဲ့ အထိ အမွှေးထူလှပါတယ်။ သူတို့ရဲ့ မျိုးရင်းကတော့ တူရကီနိုင်ငံ ဖြစ်ပြီး အခုအခါမှာတော့ ကမ္ဘာအနှံ့က အိမ်မွေးအချစ်တော်ကလေးအဖြစ် မွေးနေကြပြီပဲ ဖြစ်ပါတယ်။ 

သူတို့ရဲ့ သမိုင်းကြောင်းကတော့ ၁၇၂၃ခုနှစ်မှာ တူရကီနိုင်ငံကနေ ပြင်သစ်နိုင်ငံသိူ့ပို့သတဲ့ လက်ဆောင်တွေအဖြစ် ပါဝင်လာခဲ့ပြီး ပြင်သစ်ဘုရင်ကလည်း ဒီအကောင်လေးတွေကို အလွန်ပဲ သဘောကျခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြင်သစ်ကနေ စပြီး ဥရောပတိုက်နိုင်ငံများများမှာလည်း မွေးလာကြပြီး အခုအခါမှာတော့ နိုင်ငံတော်တော်များများမှာ ဒီအကောင်လေးတွေကို အိမ်မွေးအချစ်တော်လေးတွေ ဖြစ်လာတာကိုတွေ့ရပါတယ်။ 

သူတို့ရဲ့ ခန္ဒာကိုယ်အလးအချိန်ဟာ များသောအားဖြင့် ၆ပေါင်နီးပါး၇ှိပြီး အရောင်အနေနဲ့ကတော့ မီးခိုးရောင်၊ အဖြူရောင်နဲ့ အညိုရောင်တို့ပဲ ဖြစ်ပါတယ်။ သာမန်ယုန်မျိုးထက် အမွှေးပိုထူပြီး ချစ်စရာကောင်းတဲ့ အကောင်လေးတွေကို အသည်းစွဲချစ်တတ်သူတွေအဖို့တော့ သူတို့လေးတွေဟာ တစ်ကယ်ကို မွေးလို့အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ သက်တမ်းဟာ ၇နှစ်ကနေ ၁၂နှစ်အထိပဲ နေနိုင်ကြတာမို့လို့ သံယောဇဉ်တွယ်သွားရင်တော့ အတော်လေးကို စိတ်ဒုက္ခဖြစ်သွားမယ်ဆိုတာကိုတော့ ပြောလိုက်ပါရစေ...ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ ချစ်စရာကောင်းတဲ့ Angora ယုန်လိုမျိုး နောက်တစ်ခေါက်မှာလည်း ဒီလိုချစ်စရာအကောင်လေးတွေအကြောင်း ဖော်ပြပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါအုန်းနော်။ 

Source : Did U Know ? 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။