ကမ္ဘာ့အဓိကဘာသာကြီးလေးခုဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ်စလာမ်နှင့် ဗုဒ္ဓဘာသာကိုတော့ အားလုံးသိရှိကြမယ်ထင်ပါတယ်။ အခြားယုံကြည်ကိုးကွယ်မှုများစွာရှိနေပေမယ့်လည်း အဆိုပါ ဘာသာကြီးလေးခုကတော့ အဓိကလူအများဆုံးကိုးကွယ်လျှက်ရှိတဲ့ ဘာသာတွေလည်း ဖြစ်ပါတယ်။ အဆိုပါ ယုံကြည်ကိုးကွယ်မှုဘာသာတရားတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူတန်းစားများစွာကတော့ မိမိစိတ်တိုင်းကြ ပြောင်းလဲမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။    

အဆိုပါ ပြောင်းလဲမှုတွေထဲမှာ ဗုဒ္ဓဘာသာမှ အခြားဘာသာတွေကို ပြောင်းလဲခဲ့သူတွေရှိခဲ့သလို အခြားဘာသာတွေမှလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ပြောင်းလဲခဲ့သူတွေလည်းများစွာရှိခဲ့တာတွေ့ရပါတယ်။ ဗုဒ္ဓတရားတော်တွေကို လိုက်နာရင်း ဗုဒ္ဓဘာကိုကိုယုံကြည်ကိုးကွယ်ကြတဲ့ နိုင်ငံခြားသားများရဲ့ ဗီဒီယိုဖိုင်တစ်ခုကတော့ လက်တလော ပြည်တွင်း၊ ပြည်ပ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ နိုင်ငံခြားသားများစွာက ဗုဒ္ဓတရားတော်တွေကို သံပြိုင်ရွက်ဆိုရင်း တရားနာယူနေကြတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ လက်ရှိလေ့လာစစ်ဆေးချက်တွေအရ နိုင်ငံခြားသားဗုဒ္ဓဘာသာဝင်အများစုကတော့ အိန္ဒယ၊ ထိုင်းနှင့် မြန်မာဗုဒ္ဓဘာသာဆရာတော်တွေရဲ့ အဆုံးအမအောက်မှာ ခိုလှုံကာ တရားကျင့်နေသူများစွာရှိနေပြီး သာသနာ့ဘောင်ထဲဝင်ရောက်သူများနှင့် စည်းစိမ်ရာထူးစွန့်လွှတ်ကာ တရားကျင့်နေသူတွေများစွာရှိနေကြောင်း သိရပါတယ်။ ချစ်ပရိသတ်တွေအတွက် ဗုဒ္ဓတရားတော်တွေနာကြားနေတဲ့ နိုင်ငံခြားသားများရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Vide0 - La Min Yake

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။