အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းကားဗုံးခွဲတိုက်ခိုက်မှုကတော့ အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းက လိုဂါပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ 

တိုက်ခိုက်ခဲ့ပုံကတော့ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ကားတစ်စီးဟာ အုပ်ချုပ်ရေးမှူးရဲ့ ယာဉ်တန်းနားကို ကပ်လာပြီး ဗုံးသမားက ဖောက်ခွဲခဲ့တာပဲဖြစ်ပါတယ်။

အခုလိုတိုက်ခိုက်မှုကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့သိရပါတယ်။  

၎င်းယာဉ်တန်းထဲမှာတော့ အုပ်ချုပ်ရေးမှူးအပါအဝင် အာဖန်ထောက်လှမ်းရေး ဌာနနဲ့ ပြည်နယ်ဆိုင်ရာ အကြီးအကဲ လည်းပါလာခဲ့ပေမယ့် နှစ်ဦးလုံး ထိခိုက်မှုမရှိခဲ့ပါဘူးလို့သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။