ဂျပန်နိုင်ငံက မာဆာဇို နိုနာ့ခါဟာ ကတော့ မနှစ်က ဂင်းနစ် ကမ္ဘာ့စံချိန်တင်မှတ်တမ်းမှာ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အမျိုးသားပဲဖြစ်ပါတယ်။
ဒီအမျိုးသားကတော့ ဂင်းနစ်စံချိန်တင်မှတ်တမ်းမှာ သတ်မှတ်ခံခဲ့ရချိန်မှာတော့ သူ့ရဲ့အသက်က ၁၁၂နှစ်ရှိပြီဖြစ်သလို လက်ရှိအချိန်မှာတော့ သူ့ရဲ့အသက်ဟာ ၁၁၃ နှစ်ရှိပြီပဲဖြစ်ပါတယ်။
သူဟာ ငယ်ရွယ်စဉ်အခါက လယ်ယာအလုပ်ကိုလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး သူ့ရဲံဇာတိမြို့ဖြစ်တဲ့ အာရှိုရို မြို့မှာ ရေပူစမ်းအပန်းဖြေစခန်းတစ်ခုကို ဖွင့်လှစ်ထားသူလည်းဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ သူ့ရဲ့သား ၂ ယောက်နဲ့ သမီး ၃ယောက်အပေါ်မှာလည်း တာဝန်ကျေလှတဲ့ဖခင်တစ်ဦးပဲဖြစ်ပါတယ်။
သို့ပေမယ့် မနေ့ကဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် မှတ်တမ်းတင်ခံထားရတဲ့ မာဆာဇို နိုနာ့ခါ ဟာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။
သူ့ရဲ့သေဆုံးမှုကတော့ သားသမီးတွေအတွက် ရင်ကွဲစရာဖြစ်ရပ်တခုဖြစ်ခဲ့သလို ကျန်ရှိနေတဲ့ ရုပ်အလောင်းကိုလည်း ကောင်းကောင်းမွန်မွန်သဂြိုလ်ပေးဖို့ ပြုလုပ်နေတယ်လို့သိရပါတယ်။
SOURCE -DVB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။