ယနေ့နံနက်ပိုင်းက လက်စ်ဗီးဂတ်ရှိ MGM Grand ခန်းမကြီးတွင် အမေရိကန်လက်ဝှေ့ကျော်အေဒရီယန်ဘရိုနာနှင့် ယှဉ်ပြိုင်ခဲ့သည့်လက်ဝှေ့ပွဲစဉ်တွင် အသက်၄၀အရွယ်ရှိပြီ ဖြစ်သော ဖိလစ်ပိုင်လက်ဝှေ့ကျော် ပတ်ကွီအိုသည် ၎င်းထက်၁၁နှစ်ငယ်သည့် ဘရိုနာကို ပထမအချီမှ ၁၂ချီ ပြီးဆုံးသည့်အချိန်အထိ အငြင်းပွားဖွယ်ရာမရှိ လက်ရည်အသာစီးဖြင့် ယှဉ်ပြိုင်ကာ အမှတ်ဖြင့်အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါပွဲမှာ ပတ်ကွီအိုအတွက် ပရော်ဖက်ရှင်နယ်အဖြစ် ယှဉ်ပြိုင်သည့် ပွဲ ၇၀ မြောက် ပွဲဖြစ်ကာ အသက် ၄၀ ပြည့်ပြီးနောက် ပထမဆုံးယှဉ်ပြိုင်သော ပွဲလည်းဖြစ်ပါတယ် ။ ပွဲအပြီးတွင် ဒိုင်လူကြီးသုံးဦးစလုံးက ပတ်ကွီအိုကို ၁၁၇ - ၁၁၁၊ ၁၁၆ - ၁၁၂ ၊ ၁၁၆ - ၁၁၂ မှတ် ဖြင့် အနိုင်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ထိုပွဲကို တက်ရောက်အားပေးသော ပရိတ်သတ် ၁၃၀၂၅ ဦးထဲတွင် ကြိုးဝိုင်းဘေးခုံတန်းထဲတွင် လာရောက်ကြည့်ရှုနေသော ရှုံးပွဲမရှိ ပွဲ ၅၀ အနိုင်စံချိန်ဖြင့် လက်ဝှေ့သမားဘဝမှ အနားယူထားသည့် မေဝဲလ်သာကို ပတ်ကွီအိုက ပွဲအပြီးတွင် မကျေပွဲပြန်လည် ယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘရိုနာကို အနိုင်ရရှိခဲ့ခြင်းကြောင့် WBA ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထိန်းသိမ်းနိုင်ခဲ့သော ပတ်ကွီအိုက " ကျွန်တော်လေ့ကျင့်ခန်းလုပ်ရာမှာ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ အတိုင်း အခုလည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ် အသက် ၄၀ အရွယ်မှာ အကောင်းဆုံးပုံစံဖြစ်နေအောင် ယှဉ်ပြိုင်နိုင်ဖို့ဘုရားသခင်ပေးသနားလို့ကျေးဇူးတင်တယ်။ မေဝဲလ်သာကိုလည်း ပြောလိုက်ပါ။ ကြိုးဝိုင်းထဲကို ပြန်တက်လာပါလို ။ သူလက်ဝှေ့ယှဉ်ပြိုင်ဖို့ပြန်ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော် မကျေပွဲယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေပါတယ် " ဟုစိန်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ် ။ ၎င်းတို့နှစ်ဦး ပထမတစ်ကြိမ် ရာစုနှစ်၏ အကောင်းဆုံးပွဲနှင့် လက်ဝှေ့သမိုင်းတွင် ကြေးအကြီးဆုံးပွဲမှာ မေဝဲလ်သာက အမှတ်ဖြင့်အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။