G-Fatt ဆိုတာနဲ့ နန်းဆုကိုပြေးမြင်သလို နန်းဆုဆိုတာနဲ့လည်း ထိုနည်းလည်းကောင်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ Relationship Life လေးက တကယ်ကိုအားကျချင်စရာကောင်းလွန်းပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တစ်ယောက်နဲ့တစ်ယောက် အချစ်စမ်းနေကြပုံလေးက တကယ်ကိုအားကျကြည်နူးစရာပါပဲ။ အမြဲလိုလို ခရီးတွေအတူတူသွားကြပြီး ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေကို ဖန်တီးတတ်ကြသူတွေပါပဲ။

G-Fatt တစ်ယောက်ကတော့ လတ်တလောမှာတော့ အလုပ်တွေအများကြီးလုပ်ချင်သေးပြီး တတိယမြောက် Album ထွက်ရှိဖို့အတွက် ကြိုးစားနေဆဲဖြစ်တာမို့ အိမ်ထောင်ပြုဖို့ကိုတော့ မစဉ်းစားသေးဘူးလို့ဆိုပါတယ်။ ချစ်သူကတော့ ကိုယ့်ရဲ့အလုပ်တွေကို ဘေးကနေ ဝိုင်းကူပြီး အကြံဉာဏ်ပေး စဉ်းစားပေးတယ်လို့ဆိုပါတယ်။ နှစ်ယောက်သားက ဝါသနာလည်းတူ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းချင်းလည်းတူတာမို့ အတိုင်အဖောက်ညီနေပုံက အားကျချင်စရာကြီးပါ။

သူမတို့နှစ်ယောက်ရဲ့ မြိတ်ကျွန်းစုက ပုံရိပ်တွေကို " ကျောက်စလစ်ခဲလေးတွေအများကြီးနဲ့ ကမ်းခြေ " ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ မြိတ်က စမတ်ကျွန်းကို ချစ်သူနဲ့အတူရောက်ရှိနေတာဖြစ်ပြီး ကမ်းခြေထက်က နှစ်ယောက်သားရဲ့ ရင်ခုန်ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။