Pop အဆိုတော် Ariana Grande ဟာ လူကောင်သေးသေး အသံစူးစူးလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နာကျနဲ့ အမေရိကန်အဆိုတော်မလေးဖြစ်ပါတယ်။ (၁၉၉၃)ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ မှာ မွေးဖွားခဲ့ပြီး ယခုဆိုရင်တော့ အသက် ၂၅ နှစ် ရှိဖြစ်တဲ့ Ariana Grande ဟာ American Music Awards ၃ ဆု, MTV Europe Music Awards ၃ ဆု, MTV Video Music Award ၁ ဆု နဲ့ Grammy Award nominations ၄ ဆု ဆွတ်ခူးရရှိခဲ့တဲ့ ဂီတလောကမှာအောင်မြင်တဲ့ အဆိုတော်မလေးဖြစ်သလို သူမရဲ့ ဝင်ငွေတွေကို လူမှုအဖွဲ့အစည်းတွေအတော်အများမှာ လှူဒါန်းခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Time magazineရဲ့ သြဇာအရှိဆုံးအမျိုးသမီး လူ(၁၀၀)မှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး လတ်တလော သူမရဲ့ အချစ်ရေးကတော့ Single ဖြစ်ပါတယ်။သူမရဲ့ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ ရည်းစားဟောင်း Mac Miller ကို လွမ်းဆွတ်ကာ စိတ်မကောင်းဖြစ်နေခဲ့ရတာကြောင်ာ နောက်ဆုံးတွဲခဲ့တဲ့ TV စတား Pete Davidson နဲ့ ချစ်သူသက်တမ်းလည်း (၅) လအကျော်၊ အောက်တိုဘာလ(၁၃) ရက်နေ့မှာပဲ လမ်းခွဲခဲ့ပါတယ်။ သူမရဲ့ ရည်းစားဟောင်းတွေကို နာမည်တပ်ကာ ထည့်ဆိုထားတဲ့ "Thank You, Next" သီချင်းဟာလည်း Billboard Chart မှာ လူကြိုက်အများဆုံး နံပါတ်(၁) စာရင်း ဝင်ခဲ့သလို ရည်းစားနဲ့ ပြတ်ပြီးမှ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ Single မမ Ariana Grande ကတော့ သူမရဲ့ နောက်ထပ် သီချင်းသစ် တစ်ပုဒ်ကို အမိုက်စားPerformance တွေနဲ့ တကွ Release လုပ်လိုက်ပြန်ပါပြီ။

ဇန်နဝါရီလ(၁၇)ရက်မှာ ဖြန့်ဝေခဲ့တဲ့ Ariana Grande ရဲ့ သီချင်းသစ်နာမည်ကတော့ " 7 RINGS " ဖြစ်ပြီး သီချင်းကို Youtube Channel မှာ ဖြန့်ဝေပြီးချင်း (၁)ရက်ထဲအတွင်းမှာပဲ 14.9 m Streams ရရှိထားပြီး လက်ရှိမှာတော့ 56,136,582 views (ကြည့်ရှူသူ သန်း ၅၀ကျော်) နဲ့Subscribe (33M) (၃၃သန်း)ကျော်ရရှိထားပါတယ်။ အမိုက်စားအကအလှ ၊Performance တွေနဲ့ အတူ တကယ့်ကို လူကြိုက်များနေတဲ့ ဒီသီချင်းဟာ တရက်တာအတွင်း ကြည့်ရှူနှုန်းအမြင့်ဆုံး အမျိုးသမီးအဆိုတော်စာရင်းဝင်လို့နေပါတယ်။

source: Billboard ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။