သရုပ်ဆောင်မင်းသမီးလေးတစ်ဦးအဖြစ် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ တစ်နေ့တစ်ခြား အလှတိုးလာတာ တွေ့ရပါတယ်။ မြန်မာဝတ်စုံလေးတွေကိုသာ အမြတ်တနိုး ဝတ်ဆင်တတ်တဲ့ ဖြူဖြူထွေးက အမြဲလိုလို သနပ်ခါးပါးကွက်ကြားလေး ခြယ်သတတ်သူ ဖြစ်ပါတယ်။ ဒါ့အပြင့် ဖြူဖြူထွေးက ခေတ်ပေါ်အဝတ်အစားတွေ ဝတ်ဆင်ရာမှာလည်း အမြင်မရိုင်းစေဘဲ ချစ်စရာကောင်းအောင် ဝတ်ဆင်တတ်ပါတယ်။

လတ်တလောမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေကို အဓိကလက်ခံရိုက်ကူးနေရပြီး မြန်မာနိုင်ငံအနှံ့ ခရီးတွေထွက်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေရပါတယ်။ အခုလည်း ဖြူဖြူထွေးက မွန်ပြည်နယ် အနင်းရွာမှ ဖျော်ဖြေရေးအပြီး စက်စဲကမ်းခြေသို့ အလည်ရောက်တစ်ခေါက် သွားရောက်ခဲ့ပါတယ်။ ကမ်းခြေမှာ အပန်းဖြေရင်း ဖြူဖြူထွေးက သူငယ်ချင်းတွေနဲ့အတူ အမိုက်စား Tik Tok ဗီဒီယိုလေးတစ်ခုလည်း ရိုက်ကူးခဲ့ပါသေးတယ်။

ဖြူဖြူထွေးက သူမရဲ့သူငယ်ချင်းလေးတွေနဲ့အတူ လတ်တလောမှာ ရေပန်းစားနေတဲ့ ခေတ်ပေါ်ကကွက်တွေကို သီချင်းနဲ့အညီ အလန်းစားဒွန့်ပြထားတာ တွေ့ရပါတယ်။ ဒီဗီဒီယိုဖိုင်လေးကိုတော့ ဖြူဖြူထွေးက " ဖျော်ဖြေးရေး တူတူပြန်လာရာ ရိုက်မိသော video လေး " တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးနဲ့ သူငယ်ချင်းတစ်စုရဲ့ အမိုက်စားကကွက်တွေနဲ့ အထာကျကျ ဂေါ်နေတဲ့ အကဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။