ယခုရာသီ ရီးရဲလ်မှ ဂျူပင်တပ်စ်သို့ ပြောင်းရွှေ့လာသော ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် ဒီဇင်ဘာလအတွက် ဂျူပင်တပ်စ် ပရိတ်သတ်များမဲပေးရွေးချယ်ခဲ့သည့် အသင်းရဲ့တစ်လတာ အကောင်းဆုံးဆုကို ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။  

အဆိုပါဆုကို E.A Sports မှပေးအပ်ခြင်း ဖြစ်ပြီး စီရော်နယ်ဒိုသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို တတိယကြိမ်မြောက်ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ စီရော်နယ်ဒိုသည် ဒီဇင်ဘာလအတွင်း ငါးဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်သောကြောင့် ဂျူဗင်တပ်စ်အသင်းကို ဒီဇင်ဘာလအတွင်း ရှုံးပွဲမရှိစေပဲ စီးရီးအေအမှတိယ်ပေးဇယားတွင် ဦးဆောင်နိုင်စေခဲ့တာပါ။  

ဇန်နဝါရီ ၂၁ ရက်တွင် ချီယေဗိုနှင့် ပြန်လည်ကစားရမည့် ဂျူဗင်တပ်စ်အသင်းအတွက် စီရော်နယ်ဒိုဟာ ယခုရာသီ စီးရီးအေသွင်းဂိုး ၁၄ ဂိုး သွင်းပေးထားနိုင်ပြီး ဂိုးအများဆုံး သွင်းထားနိုင်သူအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုသည် ပြီးခဲ့တဲ့ကြားရက်က ဆော်ဒီတွင် အေစီမီလန်နှင့်ကစားသည့် အီတလီစူပါဖလားတွင်လည်း တစ်ဂိုးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သော သူဖြစ်ပါတယ်။

Source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။