ပရိတ်သတ်ကြီးရေ... လတ်တလောမှာ နှုတ်ခမ်းနီမလေးတွေသဲသဲလှုပ်ဖြစ်နေရပြီး ပရိတ်သတ်တွေ ကြားမှာအရမ်းရေပန်းစားနေတဲ့ သရုပ်ဆောင်မင်းသားချောလေးခါရာကို ပရိတ်သတ်ကြီးသိမှာပါနော်။ ကိုရီးယားမင်းသားလေးတွေလိုမျိုး မိန်းကလေးတွေတဖြုတ်ဖြုတ်ကြွေလောက်တဲ့ ရုပ်ရည်လေးနဲ့ ဖြောင့်လည်းဖြောင့် ခန့်လည်းခန့်နဲ့မို့ ပေါ်ပြူလာဖြစ်နေရတာပါ။

မျက်နှာသစ် လူငယ်သရုပ်ဆောင်လေးတွေထဲမှာဆိုရင် အချိန်တိုတိုနဲ့ လူချစ်လူခင်များပြီးအောင်မြင်မှုတွေကိုရရှိထားတဲ့ မင်းသားတစ်လက်ပါပဲနော်။ သဘာဝကျကျသရုပ်ဆောင်မှုတွေနဲ့ ဇာတ်ကောင်စရိုက်ကိုပေါ်လွင်အောင် ဖန်တီးနိုင်မှုတွေကြောင့် ပရိတ်သတ်တွေလက်ခံအားပေးခဲ့ခြင်းဖြစ်ပြီးတော့ အခုနောက်ပိုင်းမှာဆိုရင် ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်နော်။

ခါရာဟာ သူအလုပ်တွေဘယ်လောက်ပဲရှုပ်နေပါစေ သူရဲ့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့ ကြည့်ကောင်းဖို့အတွက် Gymကိုအချိန်ပေးပြီးဆော့လေ့ရှိပါတယ်နော်။ဒါကြောင့်လည်းအမိုက်စား ခန္တာကိုယ်ကိုပိုင်ဆိုင်ထားရပြီး မိန်းကလေးပရိတ်သတ်တွေ အချစ်ပိုနေခဲ့ရတာပါနော်။ အခုလည်း သူရဲ့အမိုက်စားBodyကို ပေါ်လွင်စေမယ့် ဖက်ရှင်နဲ့ ရိုက်ထားတဲ့ Video clipအတိုလေးကို သူရဲ့ လူမှုစာမျက်နှာပေါ်မှာမျှဝေပေးထားပါတယ်။ကဲ... ဒီအမိုက်စား Videoလေးကိုလည်း ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source : Kha Ra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။