မြို့တိုင်လိုလိုမှာ ပြဿနာကိုယ်ဆီရှိကြပါတယ်...မြို့တိုင်းလိုလိုပါ။ Los Angeles မှာဆို ယာဉ်အသွားအလာ ခတ်ခဲတဲ့ ပြဿနာရှိပါတယ်..... New Orleans မှာဆိုရင် လေမုန်တိုင်းပြဿနာရှိပါတယ်။ အဲ့လိုမြို့တိုင်းလိုလိုမှာ ပြဿနာကိုယ်စီးရှိကြပါတယ်။ ဒါပေမဲ့ တစ်ချို့မြို့တွေမှာတော့ ဘယ်ကနေ ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာမသိတဲ့ ထူးထူးခြားခြား ပြဿနာတွေရှိကြပါတယ်။ သူတို့လဲဘယ်လိုမှ ဖြေရှင်းလို့မရကြပါဘူး...တစ်ချို့က သဘာဝတရားကြောင့်ဖြစ်ပြီး တစ်ချို့က အတုအစစ်ခွဲမရတဲ့ အရာတွေကြောင့်ပါပဲ။

Rome ဟာဆိုလူဦးရေထူထပ်တဲ့ မြို့တစ်မြို့ပဲဖြစ်ကာ သမိုင်းဝင်မြို့တစ်မြို့လဲဖြစ်ပါတယ်။ ယနေ့ချိန်ထိ ရှေ့ခေတ်အဆောက်အအုံတွေနဲ့ လူအများအပြားကို ဆွဲဆောင်နေတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်တိုင်းလိုလို အောက်တိုဘာလလောက်မှာ သန်းချီတဲ့ ကျွဲဆက်ရက်ဌက်တွေဟာ မြောက်အရပ်ကနေ အရှေ့အရပ်တို့ ပြောင်းလေံရှိကာ သူတို့ပြောင်းရာတစ်လျှောက်မှာ မစင်တွေကိုတွေ့ရှိရပါတယ်။ သွားပါပြီ....အောက်ကလူတွေ ကားတွေတော့ ညစ်ပတ်ကုန်ပြီ။ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်မလဲ။

တစ်မနက်မှာ ငှက်တွေက ယာတောထဲကနေထွက်လာကြပြီး မြို့ရဲ့နေရာတော်တေ်ာများများမှာ အနားယူကြပြီး မစင်တွေကို စွန့်ကြပါတယ်။ သူတို့တွေရဲ့ မစင်တွေဟာ ကားပေါ်နဲ့ အဆောက်အအုံပေါ်တွေမှာ များစွာတွေ့ရှိရပါတယ်။ အဲ့မြို့နေသူတွေကလဲ အဲ့ပြဿနာကို ဘယ်လိုမှ ဖြေရှင်းလို့မရပါဘူး။ မြို့ကြီးက ကျက်သရေရှိရှိ သမိုင်းဝင်အဆောက်အအုံတွေနဲ့ ခံညားစွာ တည်ရှိနေပါသော်လဲ နှစ်တစ်နှစ်ရဲ့ အောက်တိုဘာလတိုင်းလိုလိုမှာ ခုလိုငှက်တွေရဲ့ ဒုက္ခကနေ မလွတ်ကြပါဘူုး။ သင်လဲ Roma ကိုခရီးသွားမယ်ဆို အောက်တိုဘာလမှာ မသွားဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Cracked 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။