အားကစားလောကမှာသူ့နေရာနဲ့သူထွန်းတောက်နေတဲ့ကစားသမားတွေရှိကြပါတယ်။ထင်ပေါ်အောင်မြင်နေတဲ့ကစားသမားတွေလည်းရှိသလိုရွက်ပုန်းသီကစားသမားတွေလည်းအများကြီးရှိနေတာပါ။အကြောင်းအမျိုးမျိုးသောအခြေအနေတွေကြောင့်အောင်မြင်သင့်သလောက်မအောင်မြင်ခဲ့ကြရတဲ့သူတွေလည်းရှိပါတယ်။ကမ္ဘာတစ်ဝှမ်းမှာအဲ့လိုကစားသမားတွေရှိနေသလိုကျွန်တော်တို့နိုင်ငံမှာလည်းအများအပြားရှိနေမှာပါ။

ခုနောက်ပိုင်းမှာတော့ဆိုရှယ်မီဒီယာတွေနေရာအနှံ့အသုံးပြုနေတာကြောင့် လူမှုကွန်ရက်ကနေရွက်ပုန်းသီးလေးတွေကို တွေ့ရှိနေကြပါပြီ။ မကြာခင်ကလည်းခြေထောက်တစ်ဖက်မရှိပေမယ့်လောလုံးကစားနည်းမှာထူးချွန်တာကြောင့် လူမှုကွန်ရက်ကနေဘောလုံးအဖွဲ့ချုပ်ကသိပြီးထောက်ပံ့မှုတွေရခဲ့တာဖြစ်ပါတယ်။

ခုမှာလည်းရွက်ပုန်းသီးလေးတွေခြင်းခတ်နေတဲ့VIDEOလေးကိုနိုင်ငံခြားသားတွေတွေ့ရှိပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့ရာမှာနိုင်ငံတစ်ကာ မီဒီယာတွေကပါချီးကျူးခဲ့ရတာဖြစ်ပါတယ်။သူ့တို့ကစွမ်းရည်တွေကနိုင်ငံခြားသားတွေအထင်ကြီးစေလောက်တာပဲဖြစ်ပါတယ်။

နိုင်ငံ့လက်ရွေးစင်တွေအထိမတပ်လှမ်းနိုင်ပေမယ့်နိုင်ငံတစ်ကာမီဒီယာတွေကပါချီးကျူးခဲ့ရတဲ့ သူတို့ရဲ့ခြင်းခတ်စွမ်းရည်လေးတွေကိုလည်း ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

source:Slash Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။