ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှတဲ့ အဆိုတော်မလေး ပိုပိုကိုသိကြမယ်ထင်ပါတယ်နော်။ သူမရဲ့ "ချစ်ဖူးခဲ့သမျှ" တစ်ကိုယ်တော် အယ်လ်ဘမ်ဟာဆိုရင်အခုချိန်ထိ ပရိသတ်တွေရဲ့ရင်ထဲမှာအခုချိန်ထိကျန်ရှိနေတာပဲဖြစ်ပါတယ်။ အခွေသစ်တွေကိုထုတ်လုပ်ဖို့လုပ်နေတာဖြစ်ပြီး မိမိကျန်းမာရေးကို လည်းဂရုစိုက်သူပီပီ GYM ကိုအချိန်ပေးပြီးကစားတာပဲဖြစ်ပါတယ်။ သူမရဲ့ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိအောင် အမြဲကြိုးစားအားထုတ်နေသူဖြစ်ပြီး သူမရဲ့အလှပုံရိပ်လေးတွေကိုမြင်လိုက်တာနဲ့ ပရိသတ်ကြီးရဲ့ ရင်ထဲအမောတွေပြေပြောက်သွားစေမှာပဲဖြစ်ပါတယ်။

ဘာသာရေးတရားကိုင်းရှိင်းသူတစ်ယောက်ဖြစ်ပြီးအလှူဒါနကိုလည်းစိတ်ရောကိုယ်ပါ ရက်ရက်ရောရောလှူဒါန်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ချစ်ဖို့ကောင်းတဲ့ အပြုံးလေးတွေနဲ့ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့် အခုချိန်အထိ ပရိသတ်အများအပြားရဲ့ချစ်ခင်အားပေးမှုကို လက်ခံပိုင်ဆိုင်နေဆဲဖြစ်ပါတယ်။ လူတိုင်းအပေါ်ရိုးသားပွင့်လင်းစွာ ခင်မင်ပေါင်းသင်းတက်သူဖြစ်ပြီး အဆိုကောင်းသူဖြစ်တဲ့သူမကတော့ Tik tok video လေးတွေကို မကြာခဏ လူမှုကွန်ယက် facebook စာမျက်နှာပေါ်တွင်ပရိသတ်ကြီးအတွက် အမြဲဖျော်ဖြေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရလေအောင် သူမရဲ့အနုပညာလှုပ်ရှားမှု၊ နေ့စဉ်လှုပ်ရှားမှု တွေကို အမြဲတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ အလှူဒါနပြုတဲ့အကြောင်းလေးကို "မဟာဝိဟာရ ဓမ္မဝိနယ ပင်မသုံးထပ် စာသင်ဆောင် အတွက် အလှူ ငွေ ၆ သိန်းတိတိ လှူခဲ့ပါတယ် .ကိုရေမွန် ဆီက အလှူငွေ ၁သိန်း အလှူခံရင်း နိဗ္ဗာန်ဆော်လုပ် ခဲ့ပါသည် Thank you bro.ဖရဲသီး အလုံး ၅၀ သံဃာတော် ၁၁၀၀ စာလှူဒါန်းခဲ့ပါသည်လှိုင်းဘွဲ့မြို့မှ ပရိတ်သတ်များနှင့်တကွ ၇ ရက်သားသမီးအလှူပါ သာဓု အနုမောဒနာခေါ်ဆိုကြပါကုန်"ဆိုတဲ့စာသားလေးနဲ့အတူ ဖော်ပြပေးထားတာဖြစ်ပြီး သဒ္ဓါတရားထက်သန်စွာ အလှူဒါနပြုနေတဲ့အနုပညာမောင်နှမနှစ်ယောက်နှင့်ပရိသတ်တို့ရဲ့ ကြည်ညိုဖွယ် ပုံရိပ်လေးတွေကို Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source ဝတ်ရည်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။