မြန်မာ့နိုင်ငံရဲ့ အဓိကပင်မ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတိုင်းကို ပြည်တွင်း ပြည်ပလေ့လာကြည့်ရှု့သူများစွာရှိနေတာ အားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ နိုင်ငံထိပ်သီးခေါင်းဆောင်များရဲ့ အာရုံစိုက်မှုကို အဓိကခံနေရသူတစ်ဦးဖြစ်ပြီး နိုင်ငံတာဝန်များစွာကို ထမ်းဆောင်နေတဲ့ ရဲရင့်သူအမျိုးသမီးသူရဲကောင်းတစ်ဦးလည်းဖြစ်တာကို အားလုံးလက်ခံကြမယ်ထင်ပါတယ်။ အမေစုကတော့ လက်ရှိပြည်ပနိုင်ငံများစွာကို သွားရောက်လေ့ရှိပြီး နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။   

ခတ်ခဲ့ကြမ်းတမ်းတဲ့ ဘဝတွေကို ဖြတ်သန်းခဲ့ရသူတစ်ယောက်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိကထားလုပ်ဆောင်နေပြီး ပြည်တွင်းစစ်ပပျောက်ရေးကို အားသွင်ခွန်စိုက်ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိအမေစုကတော့ ပြည်တွင်း တိုင်းရင်းသားတို့ရဲ့ နေရပ်တွေကို သွားရောက်ပြီး ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးတို့အတွက် ကိုယ်တိုင်ကြိုးစားရုန်းကန်လျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ သွားရောက်မှုတွေထဲမှာ ကချင်၊ ကရင်၊ ရခိုင်၊ ချင်းနှင့်အခြားတိုင်းရင်းသားတို့ရဲ့ နယ်မြေတွေကိုလည်း သွားရောက်လေ့ရှိတာပဲဖြစ်ပါတယ်။ ၎င်းသွားရောက်မှုတွေထဲမှာ သာယာကြည်နူးစရာ ချင်းတိုင်းရင်းသားတို့ရဲ့ ချစ်စရာမြေပေါ်ကိုလည်းရောက်ရှိခဲ့တာတွေ့ရပါတယ်။ ချင်းရိုးရာဝတ်စုံလေးနဲ့အတူ တိုင်းရင်းသားတို့ကို ဖြူဖြူစင်စင်သွားရောက်နှုတ်ဆက်ခဲ့ပြီး ရှုခင်းသားမျော်စင်ဖွင့်ပွဲကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ ချင်းတိုင်းရင်းသူလေးတွေကြားမှာ ရိုးရာဝတ်စုံလေးနဲ့ ပါဝင်ခဲ့တဲ့ အမေစုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Chinland News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။