Jose Mourinho ဟာ နည်းပြအဖြစ်ပြန်လာမယ်ဆိုတာ သေချာပေမဲ့ သူဟာ သူ့ကိုပျော်ရွှင်စေမဲ့ အလုပ်ကို စောင့်နေတာဖြစ်ပါတယ်။ အသက်၅၅နှစ်ရှိပြီဖြစ်တဲ့ Mourinho ဟာဆိုရင် December လမှာ မန်ယူအသင်းကနေ နည်းပြအဖြစ်မှ အထုတ်ခံခဲ့ရပါတယ်။ ထို့နောက် သူ့ကို သူအရင်အသင်းက ပြန်လည်ခေါ်ယူခဲ့သော်လဲ လက်မခံခဲ့ပါဘူး။ သူဟာ Premier League နဲ့ပတ်သတ်တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ သူကိုနည်းပြခန့်တဲ့ အလုပ်၃ခုကို ငြင်းပယ်လိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။

" ပထမဆုံးအနေနဲ့ ဒီပထမ၃ပတ်လုံးမှာ ကျွန်တော်ပျော်ပါတယ်....ကျွန်တော်တစ်ခါမှ မရရှိထားတဲ့ အတွေ့အကြုံတွေကို ရရှိခဲ့တဲ့အတွက် ကျွန်တော် ပျော်ပါတယ်....ကျွန်တော်ကို March လထဲမှာကျင်းပမဲ့ super ice hockey ပြိုင်ပွဲကို လာရောက်အားပေးဖို့ ဖိတ်ကြားခံရတယ်ဗျ...ကျွန်တော်အာ့နဲ့ပတ်သတ်လို့ တကယ်ပျော်ပါတယ်....ဒါပေမဲ့ ကျွန်တော်ကိုကျွန်တော်သိပါတယ် ပြီးတော့ ကျွန်တော် March လအကုန်မှာ ပျော်ရွှင်မှုနဲ့အတူ အနည်းငယ် ကြိုးစားရမယ်ဆိုတာ သိပါတယ်....ကျွန်တော် အကျင့်ကို ကျွန်တော်သိပါတယ် " ဟု ပြောကြားခဲ့ပါတယ်။

အကယ်၍များ အင်္ဂလန်မှာပဲ ထပ်မံပြီးလုပ်မယ်ဆိုရင်ရောဟု သူ့ကိုမေးတဲ့အခါမှာ သူက " ကျွန်တော်မသိဘူးခဗျ.....ကျွန်တော်အာ့နဲ့ပတ်သတ်ပြီးလဲ ဘာမှမပြောချင်ပါဘူး....ဒါပေမဲ့လက်ရှိမှာတော့ ကျွန်တော်က အသင်း၃သင်းကို ငြင်းထားတဲ့ဗျ...ကျွန်တော် လိုချင်တဲ့အရာကို မခံစားရလို့ ငြင်းလိုက်တာပါ " ဟုပြန်လည်ဖြေကြားခဲ့ပါတယ်။ သူဟာ Portugal, England, Spain နဲ့ Italy တို့မှာ နည်းပြအလုပ်လုပ်ခဲ့ဖူးပါတယ်။ လူတွေကလဲ မော်ရင်ဟို ဘယ်အသင်းကို နည်းပြလုပ်မလဲဆိုတာ စိတ်ဝင်စားလျက်ရှိနေပါတယ်။

Source : Daily Mail Sport 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။