မနေ့ညက အကယ်ဒမီပေးပွဲကြီးကို ရန်ကုန်မြို့ ပြည်လမ်း ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။ အကယ်ဒမီပေးပွဲသို့ အနုပညာရပ်ဝန်းမှ အလွှာစုံတက်ရောက်ခဲ့ကြပါတယ်။ အကယ်ပေးပွဲမြင်ကွင်းနဲ့ပတ်သတ်တဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ယက်ပေါ်မှာ ပလူပျံလို့နေပါတယ်။ တက်လာတဲ့ ဓာတ်ပုံတွေထဲမှာ ပရိသတ်ရင်ကို ထိမှန်စေခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံ ပါဝင်နေခဲ့ပါတယ်။

7 Day ဂျာနယ်က အမိအရမှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံမှာ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အမြဲလူသတ် ဖဲရိုက် ကြက်တိုက် မုဒိမ်းကျင့် စသဖြင့် လူယုတ်မာကြီးများသဖွယ် သဏ္ဍာန်လုပ်သရုပ်တူ သရုပ်ဆောင်ကြရတဲ့ အနုပညာရှင် လူကြမ်းမင်းသားကြီးတွေ အကယ်ဒမီပေးပွဲကြီးအပြီး စင်ပေါ်မှ ဘယ်သူမှမရှိတော့မှ စင်ပေါ်အပြေးကလေးတက်ပြီး ပိုင်ဆိုင်ခွင့်ရဖို့အိပ်မက်တောင် မမက်ဘူးတဲ့ အကယ်ဒမီရွှေစင်နတ်သမီးကို ကိုင်ပြီး ပြုံးပျော်ရွှင်စွာ ဓာတ်ပုံရိုက်နေတဲ့ ပုံလေးပဲဖြစ်ပါတယ်။

ပြောင်ပြောင်ရောင်ရောင်အဆင်တန်ဆာ ဘာတစ်ခုမှမပါဘဲ ကိုယ့်ကိုယ်ကို အနုပသမားလို့ခံယူပြီး အကယ်ဒမီပေးပွဲကို တက်ရောက်လာတဲ့ သူတို့ကိုတော့ ပရိသတ်ကြီးက ရင်ထဲကအကယ်ဒမီများ ပေးလျက်လို့ ဆိုပါတယ်ပရိသတ်ကြီးရေ……

Source: 7Day News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။