ပရိတ်သတ်ကြီးရေ ရှမ်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ မြတ်ရတနာကျော်က ရှမ်းမလေးတစ်ယောက်ဖြစ်လို့ ဖြူဖွေးနုဖတ်နေပြီး အရမ်းကိုလှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။မြတ်ရတနာကျော်က MTV တစ်ပုဒ်မှာ ပါဝင်သရုပ်ဆောင်ရင်း ချစ်စရာကောင်းလွန်းလို့ ပရိတ်သတ်တွေကြားရေပန်းစားလာတာဖြစ်ပါတယ်။မြတ်ရတနာကျော်ရဲ့ အပြောအဆိုအပြုအမူလေးတွေက ချစ်စရာကောင်းလို့ မိန်းကလေးပရိတ်သတ်တွေကလည်း သူမရဲ့အလှအပတွေကို အားကျနေရတာဖြစ်ပါတယ်။

GTCကျောင်းသူလေးဖြစ်တဲ့ မြတ်ရတနာကျော်က ကျောင်းစာတွေလည်းလုပ်ရင်း အနုပညာအလုပ်တွေကိုလည်း ဝါသနာပါလို့ လုပ်နိုင်သလောက်လေးလုပ်ကိုင်ခဲ့ပါတယ်။မြတ်ရတနာကျော်ရဲ့ အလှအပတွေမှာ ယစ်မူးသွားခဲ့ရတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ အာဘွိုင်းက မြတ်ရတနာကျော်နဲ့ နီးစပ်အောင် ချစ်ရေးဆိုခဲ့ပြီး သူတို့နှစ်ဦးချစ်သူဖြစ်သွားချိန်မှာတော့ ပရိတ်သတ်တွေလည်း အံ့အားသင့်ခဲ့ရပါတယ်။သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ နှစ်ကိုယ်တူဘဝလေးကို နှစ်ဖတ်မိဘသဘောထားတွေနဲ့ တည်ဆောက်လိုက်ကြပါတယ်။

သူတို့ဇနီးမောင်နှံမှာ အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုဖွားမြင်ထားပြီးပါပြီ။သမီးလေးကလည်း ဖအေချော မအေချောဖြစ်လို့ ဖြူဖွေးဥပြီး အရမ်းကို ချစ်စရာကောင်းပါတယ်။သူတို့မိသားစု၃ယောက်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံက ခရီးတွေထွက်ရတာကိုလည်း ဝါသနာပါပြီး ခရီးထွက်ရင်းစားတဲ့အစားအသောက်ကောင်းတွေကိုလည်း ပြန်လည်မျှဝေပါတယ်နော်။အခုဆိုရင် မြတ်ရတနာကျော်နဲ့အာဘွိုင်းက ခရီးတစ်ခုထွက်နေကြပြီး ဖြူဖွေးနုဖတ်ပြီး ကလေးတစ်ယောက်အမေဖြစ်ပေမယ့် တစ်သားမွေးတစ်သွေးလှဆိုသလို အရမ်းလှတဲ့မြတ်ရတနာကျော်ရဲ့ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Myat Yadanar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။