မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော တိုင်ရွန်ကတော့ ခပ်ဖြောင့်ဖြောင့် Body နဲ့ အမိုက်စား တက်တူးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ ကိုရီးယားမင်းသားတစ်ယောက်လို ချောမောပြေပြစ်တဲ့ မျက်နှာမျိုးနဲ့ တိုင်ရွန်က နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားသူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တိုင်ရွန်က ရုပ်ရှင်ဇာတ်ကားသစ်ကြီးတွေကို မနားတမ်းဆိုသလို လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ တိုင်ရွန်က " Let's Go " အဖွဲ့သားတွေနဲ့အတူ ငပလီကမ်းခြေကို အပန်းဖြေခရီးထွက်ခဲ့ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးထွက်လာကြတဲ့ တိုင်ရွန်တို့အဖွဲ့လေးမှာတော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေလည်း ပါဝင်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်ရွန်တို့ သူငယ်ချင်းတစ်စုက အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးတစ်ခုကို ပူးပေါင်းရိုက်ကူးခဲ့ပြီး ဒီဗီဒီယိုဖိုင်လေးက ပရိသတ်တွေကြားမှာ လူကြိုက်များအောင်မြင်ခဲ့ပါတယ်။

အားလုံးက သဘောကျရတဲ့ ဗီဒီယိုတစ်ခု ဖြစ်လာဖို့အတွက် နောက်ကွယ်မှာ ပူးပေါင်းဖန်တီးခဲ့ရတဲ့ ပျော်စရာအဖြစ်အပျက်လေးတွေကိုလည်း တိုင်ရွန်က ပရိသတ်တွေကို ဝေမျှပေးခဲ့ပါတယ်။ 7th Sense Creation ရိုက်ကူးထားတဲ့ တိုင်ရွန်ရဲ့Tik Tok လေးရိုက်ကူးစဉ်က‪ ‎Behind the scenes‬ ဗီဒီယိုဖိုင်လေးမှာတော့ တိုင်ရွန်တို့အဖွဲ့ရဲ့ အခွီတလိုင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တိုင်ရွန်ရဲ့ Tik Tok ဗီဒီယိုလေးနောက်ကွယ်က ဟာသဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Tyron Bejay & 7th Sense Creation;

photo & video: credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။