ပရိတ်သတ်ကြီးရေ ပိန်ပိန်သွယ်သွယ်နဲ့ ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သန္တာလှိုင်ကတော့ အနုပညာလောကကို အရင်ကတည်းက ဝင်ရောက်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သန္တာလှိုင်ကို ကြော်ငြာတွေအများစုမှာ တွေ့ရပြီး ငယ်ကတည်းက ဘိုဆန်တဲ့အလှတရားတွေနဲ့ လှနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။သန္တာလှိုင်က မြန်မာပြည်မှာလည်းနေသလို ရေခြားမြေခြားမှာလည်း ဗဟုသုတတွေရှာမှီးရင်း နေထိုင်တဲ့သူတစ်ယောက်ပါ။

သန္တာလှိုင်ရဲ့ ခန့်ညားထည်ဝါတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေဟာဆိုရင်လည်း မြင်သူတိုင်းငေးရလောက်အောင် မြန်မာပြည်အနှံအပြားမှာတွေ့ရပါတယ်နော်။သူမရဲ့ ရတနာကြော်ငြာတွေဟာဆိုရင်လည်း အရမ်းလှလွန်းလို့ မျက်စိတောင်ကျိန်းရပါတယ်။သန္တာလှိုင်က သူမကို နားလည်ပေးပြီးချစ်တဲ့သူနဲ့ နှစ်ယောက်တစ်ဘဝလေးကို တည်ထောင်ထားပါတယ်နော်။သူတို့မှာ သားလေးတစ်ယောက်သမီးလေးတစ်ယောက်လည်း ရှိပြီး ပြီးပြည့်စုံတဲ့မိသားစုလေးပဲဖြစ်ပါတယ်။

သန္တာလှိုင်တို့မိသားစုက ခရီးတွေထွက်ရတာလည်း ဝါသနာပါပြီး အားလပ်ရက်တွေတိုင်း မိသားစုစုံစုံလင်လင် ခရီးတွေထွက်ကြပါတယ်နော်။သန္တာလှိုင်ရဲ့ သမီးကြီးလေးကလည်း အရွယ်ရောက်နေပြီဖြစ်လို့ မေမေ့အတွက်ကတော့ အဖော်ရတဲ့ သမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။အခုဆိုရင် သူတို့မိသားစုလေးက ငွေဆောင်ကမ်းခြေကို အပန်းဖြေရောက်ရှိနေပြီး သန္တာလှိုင်က"ရေစုပ်သောက်တဲ့ plastic ပိုက်တွေကြောင့် ပင်လဲထဲက ရှားပါးသတ္တဝါတွေ အန္တာရယ်ဖြစ်ပြီး အလဟသ ဆုံရှူံးနေရတာကြောင့် ပညာတတ် ပတ်ဝန်းကျင်း အသိုင်းအဝိုင်းက အခုဆိုရင် plastic ပိုက်တွေ မသုံးတော့ပါဘူးရှင်"ဆိုပြီးသူမရဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေထားပါတယ်နော်။

Source:Thandar Hlaing သႏၲာလွိူင္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။