တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ Chelsea နဲ့ Arsenal နဲ့ပွဲမှာ Chelsea ဟာ၂ဂိုးဂိုးမရှိ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ပွဲအတွက်ဂိုးသွင်းခဲ့ကြတဲ့ Alexandre Lacazette နဲ့ Laurent Koscielny တို့ပဲဖြစ်ပါတယ်။ အာဆင်နယ်ဟာ သူတို့ရဲ့ လန်ဒန်ပြိုင်ဘက်ကို အနိုင်ရရှိတဲ့အတွက် တော်တော်ကို ပျော်နေကြပါတယ်။ Chelsea နည်းပြ Maurizio Sarri ဟာအဲ့ပွဲပြီးတဲ့ချိန်မှာ တော်တေ်ာကို ဒေါသတွေထွက်ခဲ့ပါတယ်။ ခုလို လန်ဒန် ပြိုင်ဘက်ကို ရှုံးနိမ့်ရတဲ့အတွက် တော်တော်ကို ဒေါသထွက်ခဲ့ပါတယ်။

" ကျွန်တော် တကယ်ကို တော်တော်လေး ဒေါသထွက်ပါတယ်..တကယ်ပါ " လို့ ပွဲချိန်ပြီးလို့ အင်တာဗျူးလုပ်တဲ့အခါမှာ အီတလီဘာသာစကားနဲ့ ပြောဆိုခဲ့ပါတယ်။ " ခုလိုရှုံးနိမ့်တာဟာ ကျွန်တော်တို့ အသင်းစိတ်ဓတ်နဲ့ဆိုင်တယ်ဗျ...ကျွန်တော် လုံးဝလက်မခံနိုင်ပါဘူး....အသင်းနှစ်သင်းစလုံးကတော့ ခြေစွမ်းတူတူပါပဲ ဒါပေမဲ့ သူတို့က ပန်နယ်တီ ဧရိယာ တစ်ဝိုက်မှာ ဘာကိုလုပ်သင့်လဲဆိုတာ ဆုံးဖြတ်ချက်ပိုမှန်ကန်တယ်ခဗျ.....ခုလိုရှုံးတာ ကျွန်တော်နဲ့ မဆိုင်ဘူးလို့တော့ ထင်တာပဲ " လို့ပြောကြားခဲ့ပါတယ်။

ခုချိန်မှာတော့ Chelsea ဟာ Premier League အရင်၆ပွဲမှာ ၂ပွဲရှုံး ၁ပွဲသရေ ၃ပွဲအနိုင်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ Liverpool နဲ့ ၁၃မှတ်ကွာသွားပါပြီ။ Chelsea နည်းပြကတော့ခုချိန်မှာ အသင်းပေါ်မှာ တော်တော်ကို စိတ်မကျေမနပ်ရှိနေပါပြီ။ သူဟာ အသင်းကို အကောင်းဆုံးဖြစ်အောင်မျှော်လင့်ချက်နဲ့ နည်းပြနေတာဖြစ်ပြီ ခုလိုရှုံးနိမ့်ရတာကို လက်မခံနိုင်ဖြစ်လျက်ရှိပါတယ်။ Chelsea ဟာဆိုရင်တော့ ခုလာမဲ့ သောကြာနေ့မှာ Tottenham နဲ့ EFL Cupမှာ ထိပ်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Source : Daily Mail Sport 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။