မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက လောင်စာပိုက်လိုင်း ပေါက်ကွဲပြီးမီးလောင်မှုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းလောင်စာပိုက်လိုက်ကတော့ လောင်စာဆီသူခိုးတွေလို့ ထင်မှတ်ရတဲ့လူတွေရဲ့လုပ်ရပ်ကြောင့် ပေါက်ကွဲခဲ့တာပဲဖြစ်ပါတယ်။  

၎င်းလောင်စာပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာသေဆုံးခဲ့ရသလို ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့အထိစာရင်းအရဆိုရင် သေဆုံးသူ ၈၅ ထက်မနည်းရှိနေပြီလို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူ ၇၄ ယောက်ထက်မနည်းရှိနေတာကြောင့် ဆေးရုံသို့ပို့ဆောင်ကုသထားတယ်လို့သိရပါတယ်။ 

လက်ရှိအချိန်မှာဆိုရင် သေဆုံးသူတွေရဲ့မိသားစုဝင်တွေက အလောင်းတွေကို စတင်မြှုပ်နှံနေပေမယ့် တချို့သောအလောင်းတွေဟာ မမှတ်မိနိင်တော့လောက်အောင်ကို မီးလောင်ကျွမ်းထားတာကြောင့် ဘယ်သုူဘယ်ဝါဆိုတာ အတည်ပြုဖို့အတွက် အခက်တွေ့နေတယ်လို့သိရပါတယ်။  

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။