အကောင်းဆုံးသော ရုပ်ရှင်ဇာတ်လမ်း၊ ဇာတ်အိမ်တွေနဲ့ပရိသတ်တွေအတွက် ရသတစ်ခု သို့မဟုတ် မက်ဆေ့တစ်ခုလေး ကျန်ရှိအောင် အမြဲတမ်းကြိုးစားပေးနေတဲ့ ရုပ်ရှင်ကောင်းတွေကိုဖန်တီးသူ ဒါရိုက်တာ ဝိုင်းကိုပရိသတ်များ တရင်းတနှီးရှိကြမှာပါ။ အကယ်ဒမီ ထိပ်တန်းစာရင်းဝင် ရုပ်ရှင်တွေဖြစ်ကြတဲ့ "ကျွန်မက နှင်းဆီပါ မောင်" ၊ " တာတေကြီး " ၊ "ကာဗွန်ဒိုင်အောက်ဆိုဒ်" ၊ "သတို့သမီး" တို့လို ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ပရိသတ်ဆီကို အရောက်ပို့ဖန်တီးပေးခဲတဲ့ ဒါရိုက်တာ ဝိုင်းကတော့ လက်ရှိမှာ နောက်ထပ် ဇာတ်ကားကောင်းတစ်ကားကို ဖန်တီးနေပြီဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီး နာမည်ကတော့ " ပပဝတီစီရင်ခန်း" ဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်မဲ့ အဓိက သရုပ်ဆောင်တွေကတော့ အကယ်ဒမီ ဖွေးဖွေး၊ မိုးဟေကို ၊အကယ်ဒမီ ထွန်းထွန်း နဲ့ အလင်းရောင် တို့ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကျဲ မင်းသမီးနှစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ဖွေးဖွေး နဲ့ မိုးထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင် ထိပ်တန်း မင်းသမီး မိုးဟေကို တို့ မင်းသမီးနှစ်ယောက်ကို အထူးပွဲထုတ်ထားပြီး ဘယ်လိုအားပြိုင်ချက်တွေနဲ့ ဇာတ်လမ်းထဲမှာ ညို့ယူကာ သရုပ်ဆောင်ကြမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ပပဝတီစီရင်ခန်း ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင် ပရိသတ်တွေရဲ့ မျက်စိ ရှေ့မှောက် အရောက်ပို့နိုင်ဖို့အတွက် အဖွဲ့သားတွေ အကောင်းဆုံးကြိုးစားနေပြီး လက်ရှိမှာ ဇာတ်လမ်းရဲ့ တဝက်လောက်ကို ရိုက်ကူးပြီးစီးနေပြီဖြစ်ကြောင်းဒါရိုက်တာ ဝိုင်းက ဆိုထားပါတယ်။ ပပဝတီစီရင်ခန်း ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းတချို့ကို တော့ ဂန့်ဂေါမြို့မှာ ဆက်လက်ရိုက်ကူးမှာဖြစ်ပြီး ဒီဇာတ်လမ်းမှာ ပါဝင်ကြတဲ့ သရုပ်ဆောင် မင်းသားချော ထွန်းထွန်း၊ အလင်းရောင် ၊ ဖွေးဖွေး နဲ့ မိုးဟေကို တို့ အားလုံးဟာ ဂန့်ဂေါမြို့ ကို ရုပ်ရှင်ရိုက်ကူးဖို့အတွက် ရောက်ရှိနေတာကြတာဖြစ်ပါတယ်။ 

source: Wyne - Owncreator

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။