သရုပ်ဆောင်အိအိတုံကတော့ အောင်မြင်နေတဲ့ စွယ်စုံရသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သူလေးပဲဖြစ်ပါတယ်။သရုပ်ဆောင်အိအိတုံကတော့ ပျော်စရာကောင်းလွန်းတဲ့ မိသားစုလေးကိုလဲ ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းလွန်းတဲ့သမီးလေးကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။   

အိအိတုံရဲ့ သမီးလေးကတော့ ပရိသတ်တွေစမြင်မြင်ချင်းမှာပဲ ပရိသတ်တွေရဲ့ အချစ်ကိုရယူထားနိုင်ခဲ့ပါတယ်။အိအိတုံကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကြောင့် အပြုံးပန်းလေးတွေဝေဆာခဲ့ရသလို အလိုက်သိတဲ့ ခင်ပွန်းကြောင့်လဲပျော်ရွင်နေရသူလေးပဲဖြစ်ပါတယ်။ အိအိတုံသမီးလေးရဲ့ ပျော်ရွင်နေတဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကို အသည်းယားစေပြီး အချစ်တွေပိုစေပါတယ်။  

ယနေ့မှာတော့ အိအိတုံတို့သားအမိလေးဟာ မန္တလေးကပြန်ရောက်ရှိနေပါတယ်။ အိအိတုံကတော့ " ခုမှမန္တလေးကပြန်ရောက်ခုဘဲအလုပ်ကိစ္စနဲ့အပြင်ပြန်ထွက် တော်ရုံစကေးနဲ့တော့မရဖူးပင်ပန်းလို့သေတော့မယ် ချစ်သမီးလေးကငိုလိုက်လို့ခေါ်ခဲ့ရသေးကားပေါ်ရောက်တာနဲ့အိပ်ပီ ချစ်တယ် " ဆိုပြီး ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားပါတယ်။

SOURCE: အိအိတုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။