ချစ်ပရိတ်သတ်ကြီးရေ... နိုင်ငံတကာအဆင့်မှီတဲ့ သဲထိတ်ရင်ဖို မြန်မာသရဲဇာတ်ကားများကို ကြည့်ရှုချင်တဲ့ ပရိတ်သတ်တွေ အတွက် ကြောက်စရာအရမ်းကောင်းတဲ့ မြန်မာသရဲကားThe Dark Cinemaဟာ များမကြာမှီမှာပရိတ်သတ်တွေဆီ အရောက်လာတော့မှာပဲဖြစ်ပါတယ်နော်။ရုံတင်မယ့်ရက်မသတ်မှတ်ရသေးပေမယ့် ဒီဇာတ်ကားကို ပရိတ်သတ်တွေအရမ်းစိတ်ဝင်စားနေခဲ့ကြပါတယ်။

ဒီဇာတ်လမ်းမှာ သာမန်သရဲကားတွေထက် ထူးခြားတာတစ်ခုကတော့ ဘာသာစကားကိုသုံးမျိုးလောက်သုံးထားပြီးတော့ အိန္ဒိယရဲ့နာမည်ကြီး မော်ဒယ် မင်းသမီးRiya Rayနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့်ပါပဲ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊မင်းသွေး၊ကျော်ကျော်ဗို၊Riya Ray၊နန်းစုဦးတို့က အထူးပါဝင်သရုပ်ဆောင်ထားကြပါတယ်နော်။

ဒီဇာတ်ကားကို ၂၀၁၈ လောက်မှာကတည်းက အားလုံးတက်ညီလက်ညီနဲ့ အပြီးသတ်ရိုက်ကူးတည်းဖြတ်ခဲ့ ကြပေမယ့် သရုပ်ဆောင်မင်းသားချော မင်းသွေးကတော့အဲ့ဒီ 2018ထဲမှာပဲလူ့လောကထဲကနေထွက်ခွာသွားခဲ့ရပါတယ်။ ရိုက်ကွင်းရဲ့ နောက်ကွယ်မှာ အမှတ်တရရိုက်ထားခဲ့တဲ့ ဓါတ်ပုံ ဝါးတားတားလေးတွေကတော့ အခုအချိန်မှာ Dark Cinemaအဖွဲ့သားတွေအတွက်အမှတ်တရဖြစ်လာခဲ့ရပါတယ်နော်။ ကဲ... အခုအချိန်ထိမင်းသွေးကို လွမ်းဆွတ်နေကြသေးတဲ့ သူ့ရဲ့ ချစ်ပရိတ်သတ်တွေအတွက် ရိုက်ကွင်းကပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : The Dark Cinema(မဟူရာရုပ်ရှင်ရုံ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။