အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦးဟာ သူ့သမီးလေးရဲ့ အချစ်တော်ကြောင်လေးတွေအတွက် ဒေါ်လာ ၁၅၀၀ တန်တိုက်ခန်းတစ်ခန်းကိုငှားပေးခဲ့ပါတယ်။ Troy Good လို့အမည်ရတဲ့ ထိုအမျိုးသားဟာ တိုက်ခန်းအသစ်ကိုပြောင်းရွှေ့လာတဲ့အခါမှာတော့ သူ့သမီးလေးရဲ့ အချစ်တော်ကြောင်လေးနှစ်ကောင်ကို တိုက်ခန်းအသစ်မှာ မွေးဖို့ အဆင်မပြေတော့တဲ့ အတွက် အခုလို လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

Troy ရဲ့သမီးဖြစ်သူ Victoria Amith ကလည်း ကောလိပ်ကို အချိန်ပြည့်တက်နေရတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် သီးသီးသန့်သန့် နေထိုင်ချင်တဲ့ Troy အတွက် ကြောင်လေးနှစ်ကောင်ကို သူနဲ့ ဝေးရာ တိုက်ခန်းတစ်ခန်းမှာ ဒေါ်လာ ၁၅၀၀ ပေးပြီး ကြောင်လေးတွေကို ထားထားတာပဲ ဖြစ်ပါတယ်။ ကြောင်လေးနှစ်ကောင်ရဲ့ နာမည်ကတော့ Tina and Louise ဖြစ်ပြီး ကမ္ဘာပေါ်မှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ နေတဲ့ ကြောင်နှစ်ကောင်လို့တောင် သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

Troy ဟာ သူ့ရဲ့ သူငယ်ချင်းနဲ့နီးတဲ့ တိုက်ခန်းတစ်ခန်းကို ကြောင်လေးတွေအတွက် ငှားပေးခဲ့တာဖြစ်ပြီး ခုလို လုပ်လိုက်တာဟာ သူ့အတွက်လည်း အဆင်ပြေသလို ကြောင်လေးတွေလည်း လွတ်လွတ်လပ်လပ် နေနိုင်သွားတယ်လို့ ပြောခဲ့ပါတယ်။ ဒီသတင်းကတော့ လက်ရှိမှာ အနည်းငယ် ဟော့ဖြစ်နေခဲ့ပြီး တိရစ္ဆာန်ချစ်သူတွေကြားမှာလည်း ပြောစရာ သတင်းတစ်ခုဖြစ်လို့နေပါတယ်ဗျား...

Source : UPI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။