ဖခင်မွေးနေ့ကို အကယ်ဒမီရွှေရုပ်လက်ဆောင်ပေးလိုက်တဲ့ သက်မွန်မြင့်

ပူပူနွေးနွေးဇာတ်ဆောင်ဆုရှင်သက်မွန်မြင့်ကတော့

အကယ်ဒမီပွဲပြီးတဲ့နောက် အနုပညာမောင်နှမတွေနဲ့အတူ ဂုဏ်ပြုပွဲဆက်တိုက်တတ်ရောက်ခဲ့ပြီး ဖခင်ဖြစ်သူဆီဝင်တွေ့ခဲ့ပါသေးတယ်တဲ့ ... ဒီညလေးက သူအြတွက်ပျော်စရာအတိဖြစ်တာမို့ အိပ်ရမှာ နှမြောနေပုံပါ ...

ည 2 နာရီကျော်ထိမအိပ်သေးဘဲ သူမရဲ့ ပီတီအပျော်တွေကို ပရိတ်သတ်ဆီမျှဝေလိုက်ပါတယ် ... သူမဖခင်ရဲ့မွေးနေ့နဲ့တိုက်ဆိုင်စွာ အကယ်ဒမီရရှိတဲ့အတွက်

အကယ်ဒမီဆုကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့ပုံလေးတွေနဲ့အတူ

" ဒီနေ့က ပါပါးမွေးနေ့ပါ

သူ့အတွက် မွေးနေ့လက်ဆောင်!?

ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှု ဆုတောင်းမှုတွေကြောင့် ထူးချွန်ဆုရရှိခဲ့ပါပြီ

ပရိတ်သတ်ရစေချင်တာနဲ့ နှစ်ဆုလုံး ထပ်တူကျခဲ့တဲ့တွက် ကျေနပ်မှုက အပြည့်ပါပဲ...

ပြောချင်တာ အများကြီးရှိသေးတယ်

နောက်မှ အေးဆေးရေးတော့မယ်နော်

2:45 am ဆိုတော့လည်း???"

ဆိုပြီး ပြောထားပါတယ် ...

မိသားစုတစ်စုလုံးပျော်ရွှင်နေပုံပါပဲနော် ...

Source : Thet Mon Myint's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။